Wednesday, August 1, 2007

Tattoo


ဆေးမင်ကြောင်
ယနေ့ခေတ်မှာတော့ ယောက်ကျား၊ မိန်းမ မရွေး လူတော်တော်များများဟာ Tattoo လို့ခေါ်တဲ့ ဆေးမင်ကြောင် ထိုးလာ ကြပါတယ်။ဆေးမင်ကြောင်အရုပ်တွေဟာပိုင်ရှင်ရဲ့စိ တ်ခံစားမှုကိုလည်းသွ ယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြနေတတ်ပါတယ်။ ယခုလို ဆေးမင်ကြောင် ယဉ်ကျေးမှု ခေတ်စားလာပြီ ဖြစ်တဲ့အတွက် သင်ကိုယ်တိုင်လည်း တစ်ပုံ တစ်ရုပ် စာတစ်ကြောင်းလောက်ဖြစ်ဖြစ် ထိုးလိုက်အုံးမယ် စိတ်ကူးရင်တော့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။





ဆေးမင်ေ ကြာင် ဆိုတာဘာလဲ ?
ဆေးမင်ကြောင် ဆိုတာကတော့ စုတ်လို့ခေါ်ကြတဲ့ အရာတစ်ခုနဲ့ သင့်အရေပြားထဲကို မင်တွေသွင်းပြီး ပုံဖော်ပေးတာပါပဲ။ သင်လိုချင်တဲ့ ဒီဇိုင်းပုံစံကို ရေးဆွဲပေးကြလေ့ရှိပါတယ်။ အဲ့ဒီလို ထိုးသွင်းတဲ့အခါမှာ မင်တွေဟာ epidermis လို့ခေါ်တဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာကို ရောက်ရှိသွားပြီး သင့်ဘ၀ တစ်သက်တာမှာ ဖျက်မရအောင်စွဲထင်သွားတော့ပါတယ်။ ဒါ့ကြောင်လည်း မြန်မာစကားမှာ အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင်လျှင်နောင်ပြင်ရန် ခက်သည့်မျိုး လို့ အဆိုရှိခဲ့တာပါ။



ဆေးမင်ကြောင်ထိုးကြတဲ့အခါမှာ ပန်းချီဆွဲသလို စုတ်နဲ့အရေပြားမှာ လက်နဲ့ထိုးကြလေ့ရှိပါတယ်။ ဒီနည်းလမ်းကို နေရာတော်တောများများမှာ အသုံးပြုနေကြဆဲပါ။ တစ်ချို့ဆေးမင်ကြောင်ထိုးပေးတဲ့ ဆိုင်များမှာတော့ စက်ကိုအသုံးပြုနေကြပါပြီ။ အဲ့ဒီစက်မှာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပါတယ်။ အစွန်းတစ်ဖက်မှာ အပ်ပါပြီး တစ်ဖက်မှာ မင်ဘူးပါပါတယ်။ အပ်နှင့်မင်ဘူးကိုတော့ ပိုက်တစ်ချောင်း နဲ့ဆက်ထားပါတယ်။ ပြီးတော့ ခြေနင်းခလုတ်တစ်ခုပါပါတယ်။ ခြေနင်းခလုတ်ကတော့ ဆေးမင်ကြောင် ထိုးတဲ့အခါ အရေးပြား အတွင်း ၁/၈ လက်မ (၃ မီလီမီတာခန့်) အပ်အ၀င်အထွက် လုပ်ပေးရအောင်ပါ။

ဆေးမင်ကြောင်ထိုးပေးတဲ့သူ အများစုကတော့ အပ်ဘယ်လောက်အနေအထားထိ ရောက်အောင် ထိုးပေးရမယ်ဆိုတာ သိကြပါတယ်။ လိုအပ်တာထက်နည်းသွားရင်တော့ ပုံရဲ့အရည်အသွေး မကောင်းတာဖြစ်တတ်ပြီး လိုအပ်တာထက်ပိုသွားခဲ့ရင်တော့ ပြင်းထန်တဲ့နာကျဉ်မှုခံစားရမှာပါ။ ဆေးမင်ကြောင်တစ်ပုံထိုးပြီဆိုလျှင်တော့ ပုံရဲ့အရွယ်အစားနဲ့ ဒီဇိုင်းပေါ်မူတည်ပြီး နာရီပေါင်းများစွာ ကြာနိုင်ပါတယ်။

ဆေးမင်ကြောင်ထိုးတာနာလား?
မေးစရာမလိုအောင်ပါဘဲ။ ကျိန်းသေနာမှာပါ။ ဒါပေမယ့် နာကျင်မှုခံစားရပုံအဆင့်တွေကတော့ ကွဲပြား နိုင်ပါတယ်။ ဆေးမင်ကြောင်ထိုးတဲ့အခါမှာ အပ်နဲ့အရေပြားကို အကြိမ်များစွာထိုးဖောက်ရတာမို့လို့ ကြိမ်ဖန်များစွာ ပျားတုတ်ခံရသလိုပါပဲ။

ဆေးမင်ကြောင်ထိုးဖို့ စဉ်းစားနေပြီလား?
ဆေးမင်ကြောင်ထိုးတော့မည်ဆိုလျှင် အရေးအကြီးဆုံးအချက်ကတော့ safe ဖြစ်ဖို့ပါ။ ဆေးမင်ကြောင် အသစ်တစ်ရုပ်ထိုးလိုက်တာနဲ့ အနာကတော့ဖြစ်လေ့ရှိပါတယ်။ တခြားပွန်းပဲ့၊ ထိခိုက်ရှနာများလိုပဲ ဆေးမင်ကြောင်ထိုးခြင်းဟာ အရေပြားမှာ ရောဂါဝင်နိုင်ပါတယ်။

ပထမဆုံးအနေနဲ့တော့ ဆေးမင်ကြောင်ထိုးပြီးပြီဆိုတာနဲ့ ထိုးထားတဲ့နေရာတစ်ဝိုက်မှာ အရေပြား နီမြန်းလာတာတို့ အရောင်ပြောင်းလဲလာတာတို့ မခံမရပ်နိုင်အောင် နာကျင်မှုခံစားရတာတို့ကို စောင့်ကြည့်ဖို့လိုပါမယ်။ လိုအပ်ရင် ဆေးကုသမှုခံယူဖို့လိုပါတယ်။

အကယ်၍များ သင်ဟာ နှလုံးရောဂါ၊ အရေပြားဓါတ်မတည့်မှုစတဲ့ ရောဂါမျိုးများရှိခဲ့မယ် ကိုယ်ဝန်ဆောင်နေချိန်များ ဖြစ်ခဲ့မယ်ဆိုရင် ဆေးမင်ကြောင် မထိုးခင် ဆရာဝန်နဲ့ ဦးစွာတိုင်ပင်သင့် ပါတယ်။ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့အခါ တစ်ရူးကြီးထွားနှုန်း မြန်ဆန်သူတစ်ရောက်ဖြစ်ခဲ့ရင်တော့ ဆေးမင်ကြောင်မထိုးတာအကောင်းဆုံးပါပဲ။

အရေးကြီးဆုံးတစ်ချက်ကတော့ ဆေးမင်ကြောင်ထိုးတဲ့နေရာဟာ သန့်ရှင်းပြီး Safe ဖြစ်ဖို့နဲ့ အသုံးပြုတဲ့ အပ်၊ မင်ဘူး၊ မင်ပိုက်စတဲ့အရာတွေ ပိုးမွှားကင်းစင်ဖို့လိုပါတယ်။ တစ်ချို့နိုင်ငံရှိ မြို့များမှာတော့ ဆေးမင်ကြောင်လုပ်ငန်းများအတွက် စံသတ်မှတ်ချက်တွေရှိပေမယ့် တစ်ချို့မှာတော့ မရှိပါဘူး။

ကျွမ်းကျင်မှုရှိတဲ့ ဆေးမင်ကြောင်ဆိုင်များ (Professional studios) ကတော့ သန့်ရှင်းမှုအတွက် ဂုဏ်ယူကြပါတယ်။ စိတ်ချရတဲ့ ဆေးမင်ကြောင်ဆိုင်များ ရွေးချယ်ဖို့ကတော့ -
• ပိုးမွှားကင်းစင်တဲ့ ကိရိယာတန်ဆာပလာတွေ အသုံးပြုရဲ့လား
• ဆေးမင်ကြောင်ထိုးပေးမယ့် ပညာရှင်ဟာ လိုင်စင်ရှိရဲ့လား (စံသတ်မှတ်ထားသည့် ဥပဒေ
ရှိ နိုင်ငံများအတွက်)
• ဆေးမင်ကြောင် စတူဒီယိုဟာ လုပ်ငန်းခွင်ဘေးကင်းမှုနှင ကျန်းမာရေးဆိုင်ရာ စီမံ
ခန့်ခွဲမှု စံများကို လိုက်နာရဲ့လား၊
ဆေးမင်ကြောင်စတူဒီယိုဟာ သန့်ရှင်းမှုမရှိဘူး၊ ပုံမှန်အခြေအနေမဟုတ်ဘူး၊ အဆင်မပြေနိုင်ဘူးလို့ သင်ယူဆခဲ့ရင်တော့ တစ်ခြားစတူဒီယိုကို သွားတာအကောင်းဆုံးပါပဲ။

လုပ်ထုံးလုပ်နည်းများ

ဆေးမင်ကြောင်ထိုးရာမှာ ပြုလုပ်ရမယ့် လုပ်ထုံးလုပ်နည်းများကတော့ -

• ဆေးမင်ကြောင်ထိုးပေးမယ့်သူဟာ ဦးစွာပထမ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးဖို့
လိုပါတယ်၊
• သင့်အရေပြားပေါ်မှာ ဆေးမင်ကြောင်ထိုးမယ့် နေရာတစ်ဝိုက်ကို ပိုးမွှားမ၀င်ရောက်နို
င်အောင် အရက်ပျံနဲ့ဖြစ်ဖြစ် ဆေးကြောဖို့လိုပါတယ်၊
• ဆေးမင်ကြောင်ထိုးပေးမယ့်သူအနေနဲ့လည်း သန့်ရှင်းမှုကိုအဓိကထားပြီး တတ်နိုင်ရင်
တော့ ဆရာဝန်များ အသုံးပြုလေ့ရှိတဲ့ မျက်နှာအုပ် (mask) ကိုသုံးသင့်ပါတယ်၊
• ဆေးမင်ကြောင်ထိုးပေးမယ့်သူဟာ တစ်ခါသုံး (သို့) ပိုးသတ်ထားတဲ့ ကိရိယာတွေကို
အသုံးပြု ရပါမယ်
• စက်ကိုအသုံးပြုပြီးရေးထိုးမယ်ဆိုရင်တော့ ဆေးမင်ကြောင်ထိုးပေးမယ့်သူဟာ
အရေပြားပေါ်မှာ ပုံကြမ်းရေးထိုးရပါမယ်၊
• ပုံကြမ်းရေးပြီးသွားတဲ့အခါမှာ ရေ၊ ဆပ်ပြာတို့နဲ့ ပြန်လည်ဆေးကြောရပါမယ်၊
• ပြီးလျှင်စက်မှာ အပ်အကြီးတပ်ပြီး ပုံပေါ်အောငတစ်ထပ်ပြန်ရေးရပါမယ်၊
ပြီးရင်တစ်ခါ ဆေးကြောပြီး အရောင်သွင်းရေးထိုးရပါမယ်၊
• ထွက်လာတဲ့သွေးစလေးတွေကို အ၀တ်သန့်သန့်နဲ့ သုတ်ပေးရပါမယ်၊
• အားလုံးပြီးသွားပြီဆိုရင်တော့ တစ်ခါထပ်ဆေးကြောပြီး ပတ်တီးစည်းနှောင်ပေးရပါမယ်၊

ဆေးမင်ကြောင်ကို ထိန်းသိမ်းခြင်း

အရေးကြီးဆုံးနောက်ဆုံးအဆင့်ကတော့ ဆေးသားမသေသေးခင်မှာ ဂရုစိုက်ဖို့ပါပဲ။ ဆေးမင်ကြောင် ထိုးပေးသူအများစုကတော့ ဆေးမင်ကြောင်ထိုးပြီးတဲ့အခါ သင့်ကို ရှောင်ရန်ဆောင်ရန်တွေ ပြောပြလေ့ ရှိပါတယ်။ သင်သိထားရမှာကတော့ နာကျင်လာမှု၊ အနီစက်များဖြစ်လာမှု၊ ချွေးထွက်များမှု၊ အရည်ကြည်များထွက်လာမှုစတာတွေ ဖြစ်လာခဲ့ရင်တော့ ဆရာဝန်ဆီသွားရပါလိမ့်မယ်။ သင့်ရဲ့ ဆေးမင်ကြောင်ကို မှန်ကန်စွာထိန်းသိမ်းဖို့ကတော့ -

• သင့်ဆေးမင်ကြောင်ကို ပတ်တီးနဲ့ အနည်းဆုံးတစ်ရက်တော့စည်းနှောင်ထားရပါမယ်၊
• ဆေးထိုးထားတဲ့နေရာကို လက်နဲ့မကိုင်ရပါဘူး။
အနာဖေးများဖြစ်ခဲ့ရင်လည်း မခွာရပါဘူး၊
• ဆေးထိုးထားတဲ့နေရာက ပိုးမွှားသေစေနိုင်တဲ့ဆပ်ပြာနှင့်ဆေးကြောရပါမယ်။
အရက်ပျံမသုံးရ ပါဘူး။ အရက်ပျံဟာ ဆေးသားကို ခြောက်သွေ့ပြီးအရောင်ပျယ်စေပါတယ်။
ပြီးလျှင်နှူးညံ့တဲ့ ပ၀ါနဲ့ တို့ပြီးခြောက်အောင်လုပ်ရပါမယ်။ ပွတ်တိုက်ခြင်း၊
ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်း မလုပ်ရပါဘူး၊
• သင်ဟာအရေပြားယားယံမှုမဖြစ်တတ်ရင်တော့ ပဋိဇီဝဆေးရည် သုတ်လိမ်းပေးလို့ရပါတယ်။
အဆီပါတဲ့အရည်များနဲ့တော့မသင့်တော်ပါဘူး၊
• အကယ်၍များ အနီစက်တွေတွေ့မယ်၊ ချွေးထွက်မယ်ဆိုရင်တော့ ရေခဲကပ်ပေးရပါမယ်၊
• ဆေးသားမသေသေးခင်မှာတော့ ရေကူးကန်၊ ရေနွေးစိမ်ကန်၊ ရေပူနှင့်ချိုးခြင်းတို့ကို
ရှောင်ကြဉ်ရပါမယ်၊
• ဆေးသားမသေသေးခင်မှာတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်မတွေ့အောင်လည်း ဂရုစိုက်ရ
ပါမယ်၊

လုံးဝဆေးသားသေသွားပြီဆိုလျှင်တောင်မှ သင့်အနေနဲ့ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နေပူထဲကိုမကြာခဏသွားမယ်၊ ကမ်းခြေမှာနေပူဆာလှုံမယ်ဆိုရင်တော့ အနည်းဆုံး SPF 30 ရှိတဲ့ နေရောင်ခံခရင်မ်ကိုလိမ်းပြီးမှ ထွက်သင့်ပါတယ်။ နေရောင်ခြည် တိုက်ရိုက် ကျခြင်းဟာ ဆေးသားအရောင်ကို မှိန်စေပါတယ်။

No comments: