
မကြာတော့တဲ့တစ်နေ့မှာတော့ ကျွန်တော်တို့ရဲ့ ပျင်းရိစရာ ကောင်းတဲ့ နေ့စဉ်ထုတ်သတင်းစာတွေအစား လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ဖော်ပြနိုင်တဲ့ e-paper တွေကို မြင်တွေ့နိုင်ပါ တော့မယ်။ LG Phillips ကုမ္ပဏီမှ ထောင့်ဖြတ် ၁၄.၃ လက်မရှိတဲ့ ပျော့ပျော့ပြောင်းပြောင်း e-paper ကို ထုတ်လုပ်နိုင်ခဲ့ ပါပြီ။ အဲ့ဒီ e-paper ဟာ resolution 1280x800 pixels ရှိပြီး 16.7M Colors အရောင်စုံ ပြသပေးနိုင်ပါလိမ့်မယ်။ ကုမ္ပဏီရဲ့ အဆိုအရတော့ အကောင်းဆုံးအရည်အသွေးရှိတဲ့ ပုံရိပ်တွေကို ပြသနိုင်မယ်ဆိုပါ တယ်။ LCD မျက်နှာပြင်တွေနဲ့မတူတာကတော့ အခု e-paper ဟာ ကွေးနိုင်တာပါ။ LG. Philips ကုမ္ပဏီဟာ B5 စက္ကူနဲ့ အရွယ်အစားတူ e-paper ကို နောက်တစ်ပတ်မှာကျင်းပမယ့် CES 2008 မှာ ပြသသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
(CES =Consumer Electronics Show)
No comments:
Post a Comment