ယမန်နေ့ (၁၂.၄.၂၀၀၈) က သင်္ကြန်ကျခဲ့ပါသည်။ သင်္ကြန်သည် ကျွန်တော်နှင့် ဘာမျှမဆိုင်သလို နေလာသည်မှာ ၂ နှစ်တင်းတင်းပင် ပြည့်ခဲ့ပါပြီ။ လွမ်းစရာမရှိသည့်အတွက် နာစရာနှင့်လည်း ဖြေဖို့မလိုပါ။ သတိရစရာတော့ရှိပါသည်။
ငယ်စဉ်က ပဲခူးရှိ GE တပ်တွင် သင်္ကြန်ကျစဉ်ကဖြစ်ပါသည်။ ကျွန်တော်တို့တပ်နှင့် မျက်နှာချင်းဆိုင်မှ ခြေလျင်တပ်ရင်းနှင့် အပျော်လွန်စကြ နောက်ကြရင်း ရန်ဖြစ်ကြရာမှ ခြေလျင်တပ်ရင်း၏ အုတ်ခဲများဖြင့် လက်စွမ်းပြမှုကြောင့် ရုံးအဆောက်အဦးများ၊ နေအိမ်တန်းလျားများရှိ မှန်များကွဲ၊ အမိုးများပေါက်ပြဲကုန်သည်ကို အမှတ်ရမိပါသည်။
လွန်ခဲ့သည့် ၄ နှစ်ခန့်က ရန်ကုန်သင်္ကြန်တွင် လျောက်လည်စဉ်ကလည်း မဆင်မခြင်ရေကစားသူ တစ်ဦးကြောင့် ကျွန်တော်တို့ ငှားလာသည့် ဂျစ်ကားမှန်ကွဲပြီး ကားသမားကို ဆေးခန်းပို့ ပေးခဲ့ရသည်ကိုလည်း အမှတ်ရမိပါသည်။
ကျွန်တော်ကြုံတွေ့ခဲ့ရသည့် သင်္ကြန်မှတ်တမ်းတွင် အန္နိဌာရုံများသာ များပါသည်။အပျော်လွန်ကြရင်း သေဆုံးမှုများမှာလည်းများ ပြားလှပါသည်။ လွန်ခဲ့သည့် ၃ နှစ် မြိတ်မြို့တွင် သင်္ကြန်ကျစဉ်က ခေတ်စားသည့် သီချင်းမှာ ‘တောင်ပေါ်ကရှမ်းကလေး လျှော်ထမ်းလို့ပြေး ရှည်တဲ့လျှော်ကရှည်၊ တိုတဲ့လျှော်ကတို’ ဆိုသည့် သီချင်းဖြစ်သည်။ ထိုသီချင်းကလေး အော်ရင်း ဆိုင်ကယ်မှောက်ပြီး သေလိုက်ကြသည်မှာ နေ့တိုင်းဖြစ်ပါသည်။
ယခုနှစ်တွင်တော့ ‘အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့’ ဟု အော်ရင်း ဘယ်နှစ်ယောက် သေကြအုံးမည်မသိ။ သင်္ကြန်သည် ကျွန်တော်နှင့် ဘာမျှမဆိုင်ခဲ့သည်မှာ ၂ နှစ်ရှိခဲ့ပါပြီ။
၁၃၇၀ ခုနှစ် မဟာသင်္ကြန်အမှတ်တရ
1 comment:
မိုးမှောင်
သင်္ကြန်က မင်းရဲ့မမနေို့င်စရာ လွမ်းစရာအတိတ်ကလေး
တွေနြဲ့ပည့်နှက်ခဲ့တယ်ပေါ့ သင်္ကြန်မှာမီးသတ်ပိုက်နဲ့ အဆော်ခံခဲ့ရတာတွေ ခွက်ဆောင်းခုတ်ခံရတာတွေ ကား
ပေါ်ကပြုတ်ကျလို့ ခြေကျိုးခဲ့တာတွေ ဆိုင်ကယ်မှောက်ပြီးဘောင်းဘီဖင်ပြဲဖစ်ရတာတွေကို မေ့လိုက်ပါတော့
လူငယ်ပီပီ နှစ်သစ်မှာ အချစ်သစ်(အဲ gf)အသစ်နဲ့မူးပြဲပြီးကဲလိုက်ပါ-----------
Post a Comment