
တစ်ရက်ပြီး တစ်ရက်နဲ့
နှစ်တွေတောင် အတော်ကြာခဲ့ပြီ
ဘဝက
စမ်းတဝါးဝါးနဲ့ အမှောင်ထဲမှာ
အနာဂတ်ဆိုတာ
ကိုယ်မပိုင်တော့လည်း
ဖြစ်ချင်ခဲ့တာတွေက ဝေဝါး
အတိတ်တုန်းက ဖြစ်ပျက်ခဲ့သမျှကလည်း
ပြန်ပြင်ဆင်ခွင့်မရှိ
ပစ္စုပ္ပန်မှာကလည်း
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရ
အမှောင်ထဲမှာ ဖြတ်သန်းနေရင်း
လမ်းပျောက်သွားမှာကိုတော့
စိုးရွံ့မိတယ်။
No comments:
Post a Comment