Monday, July 28, 2008

ဟွန်းသံကင်းမဲ့ဇုန်

င့ါနှလုံးသား မီးပွိုင့် မီးစိမ်းမပြခင်
မင်းဖြတ်မောင်းပြီးဝင်လာခဲ့တယ်
မီးနီဖြတ်မောင်းတော့
ဒဏ်ကြေးပေးရမှာပေါ့
ငါမင်းကို တောင်းလိုက်တဲ့ဒဏ်ကြေးက
၁၅၀၀ ထဲပါ…………….

မင်းဆီက လိုင်စင်ကိုစစ်ကြည့်တော့မှ
မင်းဟာ “င” လိုင်စင်ရထားသူကိုး
မင်းဆရာကြီးမှန်း ငါ့မသိလိုက်တာကတော့
ငါ အလုပ်ဝင်တာ မကြာသေးလို့ပါ

မင်းဟာ နှလုံးသားစည်းကမ်းကို
ခဏခဏ ဖောက်ဖျက်တယ်ကွာ
မင်းငါ့နှလုံးသားမှာ ဆူညံဆူညံ မလုပ်နိုင်အောင်
င့ါနှလုံးသားကို
ဟွန်းသံကင်းမဲ့ဇုန် သတ်မှတ်ထားလိုက်တယ်……

င့ါနှလုံးသားဟာ
ဟွန်းသံကင်းမဲ့ဇုန်ပါကွာ
ဒီတစ်ခါတော့ မင်းစည်းကမ်းလိုက်နာပေးပါ
င့ါနှလုံးသားမှာ ဟွန်းလာမတီးပါနဲ့
တိတ်တိတ်ဆိတ်ဆိတ်လေးပဲ နေပါရစေတော့

No comments: