Friday, August 22, 2008

မြန်မာဘလော့ဂါများ၏ ချစ်စရာ ဓလေ့

MBS ဆိုတဲ့ မြန်မာဘလော့ဂါ ရပ်ဝန်းမှာ Debate လုပ်တဲ့ ဖိုရမ်လေးတင်ထားခဲ့တာ.. အဲ့ဒီမှာ သူငယ်ချင်းတွေ ငြင်းကြ ဆွေးနွေးကြတာကို ကျွန်တော့ ဘလော့မှာ ပြန်ပြီး အမှတ်တရ တင်ထားတာပါ။ ဒီကနေစတာဗျ .. ငြင်းကြခုန်ကြတာက…

သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ စဉ်းစားကြည့်မိတယ်.. သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ ဆိုတော့ သင်ဆိုးလျှင် ကျွန်ုပ်မကောင်းဘူးပေါ့... မိတ်ဆွေသင်ကော အဲ့ဒီလိုလူမျိုးလား?
ကျွန်ုပ်ကတော့ သင့်ဘာသာဆိုးဆိုး ကောင်းကောင်း ကျွန်ုပ်ဘက်က ကောင်းနေဖို့ပဲ လိုတယ်လို့ စဉ်းစားထားတယ်... ငြင်းကြည့်ပေါ့...

Reply by မစ်(စ်)သွန်းသွန်း 21 hours ago
အဟဲ .. ငြင်းကြည့်ဆိုလို့ ငြင်းကြည့်ပြီနော် ။ သွန်း အမြင်တော့ အရာရာတိုင်းမှာ Newton's Law တော့ရှိလိမ့်မယ် ။ Action & Reaction ဆိုတဲ့ အတိုင်း ကိုယ့်အပေါ်ကို တစ်ခုခုလာသက်ရောက်ရင် ကိုယ်လည်းတစ်ခုခုတော့ ပြန်သက်ရောက်မိမှာပေါ့ ။ သဘောထားသေးသိမ်တယ်ပဲဆိုဆို တူညီတဲ့ တုံ့ပြန်မှုတစ်ခုတော့ ပြုမိလိမ့်မယ်ထင်တယ် ။

Reply by koawlan 21 hours ago
အငဲကြီး ကတော့ သင်ဆိုးချင်သလောက်ဆိုးပါ။ ကျွန်တော်တတ်နိုင်သလောက်ကောင်းပါမည် လို့တော့ ပြောဖူးတာပဲ။ သူ့ရဲ့ကိုယ်ပိုင်စကား ဟုတ် မဟုတ်တော့ မသိဘူး။ ဒီစကားကို ကြိုက်ပြီး ကျင့်လာတာတော့ ကြာပြီ။
ကောင်းတာ ဆိုးတာကတော့ ကိုယ်ပိုင်ပေတံနဲ့ လောကပေတံ ၂ချောင်းကို သုံးပြီးတိုင်းတယ်။


Reply by kogyiTun 21 hours ago
Try to become a pro-active person rather than a reactive person.



Reply by moehmaung 21 hours ago
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ပေါ့။ ဒါဆိုရင် သွန်းသွန်းက သင်ဆိုးရင် ကျွန်ုပ်ဆိုးမယ်ပေါ့။ အဲ့လို ဆန့်ကျင်ဘက်သမားနဲ့မှ ငြင်းလို့ကောင်းမှာ။ သွန်းသွန်းက သင်မကောင်းရင် ကျွန်ုပ် မကောင်းနိုင်ဘူးဆိုတော့ ခန္ဓီ(သည်းခံခြင်း) ဆိုတဲ့ တရားက အရောင်မှိန်သွားပြီပေါ့။ အဲ့ဒီမူအတိုင်းဆိုရင် မင်္ဂလသုတ်မှာ ဗုဒ္ဓဟောထားတဲ့ ခန္ဓီစ (သည်းခံခြင်းသည် မင်္ဂလာတစ်ပါး) ဆိုတာကို ဆန့်ကျင်တယ်ပေါ့။
(မစ်(စ်)သွန်းသွန်း said:
အဟဲ .. ငြင်းကြည့်ဆိုလို့ ငြင်းကြည့်ပြီနော် ။ သွန်း အမြင်တော့ အရာရာတိုင်းမှာ Newton's Law တော့ရှိလိမ့်မယ် ။ Action & Reaction ဆိုတဲ့ အတိုင်း ကိုယ့်အပေါ်ကို တစ်ခုခုလာသက်ရောက်ရင် ကိုယ်လည်းတစ်ခုခုတော့ ပြန်သက်ရောက်မိမှာပေါ့ ။ သဘောထားသေးသိမ်တယ်ပဲဆိုဆို တူညီတဲ့ တုံ့ပြန်မှုတစ်ခုတော့ ပြုမိလိမ့်မယ်ထင်တယ် ။)

Reply by moehmaung 21 hours ago
အင်း ကိုယ့်ပေတံနဲ့ကိုတော့ လူတိုင်း ဆယ့်နှစ်လက်မ ပြည့်တာ ချည်းပဲပေါ့လေ။ ဒါပေမယ့် ခြောက်လက်မပေတံတို့ ဆယ့်ရှစ်လက်မပေတံတို့ ရှိနေသေးသကိုး။ တတ်နိုင်သလောက် ကောင်းအောင် ကြိုးစားမယ့် လူဆိုတော့ အမြင်တူနေတယ် ငြင်းလို့ကောင်းမှာ မဟုတ်ဘူး။
(koawlan said:
အငဲကြီး ကတော့ သင်ဆိုးချင်သလောက်ဆိုးပါ။ ကျွန်တော်တတ်နိုင်သလောက်ကောင်းပါမည် လို့တော့ ပြောဖူးတာပဲ။ သူ့ရဲ့ကိုယ်ပိုင်စကား ဟုတ် မဟုတ်တော့ မသိဘူး။ ဒီစကားကို ကြိုက်ပြီး ကျင့်လာတာတော့ ကြာပြီ။
ကောင်းတာ ဆိုးတာကတော့ ကိုယ်ပိုင်ပေတံနဲ့ လောကပေတံ ၂ချောင်းကို သုံးပြီးတိုင်းတယ်။)

Reply by မစ်(စ်)သွန်းသွန်း 21 hours ago
အဟဲ.. ဒါဆို ကိုမိုးမှောင်ကြီးကို သွန်းသွန်းက လက်သီးနဲ့တစ်ချက်လောက် ခွပ်ခနဲထိုးလိုက်ရင် ခန္တီစ ပဲလားရှင် ။ ကိုမိုးမှောင်ကြီးက မိန်းကလေးမို့ပြန်မထိုးရင်တောင် စကားအရာနဲ့ တစ်ခုခုတော့ တုံ့ပြန်မှာပဲ ဟုတ်ဘူးလား ။ (အဲ .. ကျွန်တော်က သွန်းသွန်းကို နမ်းမယ်ဆိုရင် သွန်းသွန်းကပြန်နမ်းမှာပဲလားလို့တော့ မကပ်ရဘူးနော် .. ဟွန်း) :P
(moehmaung said:
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ပေါ့။ ဒါဆိုရင် သွန်းသွန်းက သင်ဆိုးရင် ကျွန်ုပ်ဆိုးမယ်ပေါ့။ အဲ့လို ဆန့်ကျင်ဘက်သမားနဲ့မှ ငြင်းလို့ကောင်းမှာ။ သွန်းသွန်းက သင်မကောင်းရင် ကျွန်ုပ် မကောင်းနိုင်ဘူးဆိုတော့ ခန္ဓီ(သည်းခံခြင်း) ဆိုတဲ့ တရားက အရောင်မှိန်သွားပြီပေါ့။ အဲ့ဒီမူအတိုင်းဆိုရင် မင်္ဂလသုတ်မှာ ဗုဒ္ဓဟောထားတဲ့ ခန္ဓီစ (သည်းခံခြင်းသည် မင်္ဂလာတစ်ပါး) ဆိုတာကို ဆန့်ကျင်တယ်ပေါ့။)

Reply by exiter 20 hours ago
ကိုမိုးမှောင်ကြီး ဘယ်လိုပြန်ဖြေမှာလဲဆိုတာ ပရိသတ်ဖြစ်တဲ့ ကျွန်တော်တို့ သိချင်နေပါတယ်။
မြန်မြန်ဖြေဗျို့။

Reply by koawlan 20 hours ago
ကျွန်တော်နဲ့ ကိုမိုးမှောင်ကြီးက တူသယောင်ယောင်နဲ့ မတူလောက်ဘူးလို့ထင်ပါတယ်။
သည်းမခံနိုင်လောက်တဲ့အထိ၊ မတတ်နိုင်လောက်တဲ့အထိ ဆိုးလာရင်တော့ ကိုမိုးကြီးက ဘယ်လိုတုံန်ပြန်မလဲ မသိပေမယ့် ကျွန်တော်ကတော့ ပေါက်ကွဲမှုနဲ့ တုန့်ပြန်မိပါတယ်။
ရှေ့မှာကသည်းခံခဲ့ရတာပါ အတိုးချပြီး သူများထက်တောင် အတိုးချပြီး ပေါက်ကွဲမိပါသေးတယ်။
ဆိုလိုတာက သည်းခံကြတဲ့အခါ ဘယ်လိုမျိုးသည်းခံမလဲ ဆိုတာက ရှိတယ်လေ။
သူတော်ကောင်းတွေကျတော့ မေတာစိတ်နဲ့ သြော်.. သူဆိုးရှာတယ်။သူ..မိုက်ရှာတယ်ပေါ့။
ကျွန်တော်လို ရိုးရိုးသာမာန်လူကတော့... ဟာ..ဒီကောင်က ခွေးထက်မိုက်တယ်။ ရှောင်မှ..။ဟာ..သူက ငါ့နဲ့အဆင့်အတန်းမတူဘူး... စသဖြင့် ကိုယ်ကိုကိုယ် လယ်ဗယ်မြှင့်ပြီး သည်းခံတာလေ။
သူတော်ကောင်းစိတ်နဲ့ မဟုတ်တော့ကျတော့ ပေတံဆုံးသွားပြီဆိုရင် ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ အဖြေပါပေးမှ ငြင်းရတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်လို့ ထင်ပါတယ်။
ကျွန်တော်ကတော့ ပေတံဆုံးတဲ့အထိ ကြုံလာတဲ့အခါ သူငယ်ချင်းတွေကတောင် အံ့သြလောက်တဲ့အထိ ပြန်တုံ့ပြန်တဲ့သူမျိုးပါ။ ဒီတော့ သူတော်ကောင်းစိတ်နဲ့ သည်းခံတာမဟုတ်ပဲ.. ပြီးသွားရင် အေးတာပဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်ကောင်းနှိင်သလောက် ပြန်ကောင်းတတ်တဲ့ သူမျိုးပါ ခင်ဗျား ။။။။။။
(moehmaung said:
အင်း ကိုယ့်ပေတံနဲ့ကိုတော့ လူတိုင်း ဆယ့်နှစ်လက်မ ပြည့်တာ ချည်းပဲပေါ့လေ။ ဒါပေမယ့် ခြောက်လက်မပေတံတို့ ဆယ့်ရှစ်လက်မပေတံတို့ ရှိနေသေးသကိုး။ တတ်နိုင်သလောက် ကောင်းအောင် ကြိုးစားမယ့် လူဆိုတော့ အမြင်တူနေတယ် ငြင်းလို့ကောင်းမှာ မဟုတ်ဘူး။)

Reply by moehmaung 20 hours ago
ဟုတ်ပါတယ် .. သွန်းသွန်းပြောတာလဲ.. ဒါပေမယ့် ကျွန်တော်ဆိုလိုတာက အဲ့ဒီလိုလက်ရုံးရည်အားကိုးနဲ့ ရန်ဖြစ်တာကို ဆိုလိုတာမဟုတ်ဘူးလေ... အဲ့လိုရန်ဖြစ်နေချိန်မှာတော့ ကိုယ်ကဦးအောင်ဆော်မှာပေါ့..ကိုယ့်အပေါ်ကောင်းတယ် မကောင်းဘူးဆိုတာက လူမှုဆက်ဆံရေး ကိစ္စကို ဆိုလိုတာပါ.. ပေါင်းသင်းဆက်ဆံရေး ကိစ္စမှာ ကိုယ့်အပေါ်မကောင်းတဲ့သူ (အကောက်ကြံတယ်၊ ကိုယ့်ကို ဒုက္ခပေးတယ် စသည်ဖြင့်ပေါ့) ကို သည်းခံတာပြောတာပါ။ သွန်းသွန်းပြောသလိုတော့ မကပ်ပါဘူး။ (ကျွန်တော်က သွန်းသွန်းပြောသလိုမျိုး လုပ်ခဲ့ရင်ရော သွန်းသွန်းက စိတ်ဆတ်တဲ့သူ၊ သည်းမခံတတ်တဲ့သူ၊ တန်ပြန်သက်ရောက်မှုပြုတတ်သူလို့ ဆိုထားတော့ တကယ်များ ကျွန်တော့်ကို လက်တုံပြန်မှာလား.. သိချင်လိုက်တာ..ဟိဟိ)
(မစ်(စ်)သွန်းသွန်း said:
အဟဲ.. ဒါဆို ကိုမိုးမှောင်ကြီးကို သွန်းသွန်းက လက်သီးနဲ့တစ်ချက်လောက် ခွပ်ခနဲထိုးလိုက်ရင် ခန္တီစ ပဲလားရှင် ။ ကိုမိုးမှောင်ကြီးက မိန်းကလေးမို့ပြန်မထိုးရင်တောင် စကားအရာနဲ့ တစ်ခုခုတော့ တုံ့ပြန်မှာပဲ ဟုတ်ဘူးလား ။ (အဲ .. ကျွန်တော်က သွန်းသွန်းကို နမ်းမယ်ဆိုရင် သွန်းသွန်းကပြန်နမ်းမှာပဲလားလို့တော့ မကပ်ရဘူးနော် .. ဟွန်း) :P )

Reply by moehmaung 19 hours ago
ကို exiter ရေ ဖြေထားတယ်နော် ဟဲဟဲ ကျေနပ်ပါ့မလား မသိဘူး
exiter said:
ကိုမိုးမှောင်ကြီး ဘယ်လိုပြန်ဖြေမှာလဲဆိုတာ ပရိသတ်ဖြစ်တဲ့ ကျွန်တော်တို့ သိချင်နေပါတယ်။
မြန်မြန်ဖြေဗျို့။
:D
Reply by မစ်(စ်)သွန်းသွန်း 19 hours ago
ဟင်း.. အဲဒါဆိုလည်း သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ (နှလုံးရည်ကိုသာ ဆွေးနွေးပါ) လို့ ထည့်ရေးပေါ့။ မကပ်ဘူးလဲ ပြောသေးတယ်။ အဖြေကလည်းတောင်းသေးတယ် .. ဟွန်း တော်တော်ဆိုးဆိုးပဲ ။ ဖဲဝိုင်းရိုက်မပေးဘဲ နေလိုက်မှာနော် ။ :P
(moehmaung said:
ဟုတ်ပါတယ် .. သွန်းသွန်းပြောတာလဲ.. ဒါပေမယ့် ကျွန်တော်ဆိုလိုတာက အဲ့ဒီလိုလက်ရုံးရည်အားကိုးနဲ့ ရန်ဖြစ်တာကို ဆိုလိုတာမဟုတ်ဘူးလေ... အဲ့လိုရန်ဖြစ်နေချိန်မှာတော့ ကိုယ်ကဦးအောင်ဆော်မှာပေါ့..ကိုယ့်အပေါ်ကောင်းတယ် မကောင်းဘူးဆိုတာက လူမှုဆက်ဆံရေး ကိစ္စကို ဆိုလိုတာပါ.. ပေါင်းသင်းဆက်ဆံရေး ကိစ္စမှာ ကိုယ့်အပေါ်မကောင်းတဲ့သူ (အကောက်ကြံတယ်၊ ကိုယ့်ကို ဒုက္ခပေးတယ် စသည်ဖြင့်ပေါ့) ကို သည်းခံတာပြောတာပါ။ သွန်းသွန်းပြောသလိုတော့ မကပ်ပါဘူး။ (ကျွန်တော်က သွန်းသွန်းပြောသလိုမျိုး လုပ်ခဲ့ရင်ရော သွန်းသွန်းက စိတ်ဆတ်တဲ့သူ၊ သည်းမခံတတ်တဲ့သူ၊ တန်ပြန်သက်ရောက်မှုပြုတတ်သူလို့ ဆိုထားတော့ တကယ်များ ကျွန်တော့်ကို လက်တုံပြန်မှာလား.. သိချင်လိုက်တာ..ဟိဟိ)

Reply by moehmaung 19 hours ago
ကျွန်တော်တို့က ပုထုဇဉ်တွေဆိုတော့ ဒေါသဖြစ်လာပြီဆိုရင် ပေါက်ကွဲတတ်ကြတာ သဘာဝပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုတော့ ဗုဒ္ဓရဲ့တရားတော်နဲ့ပဲဖြေပါမယ်။ ဘုရားဟောကြားခဲ့တဲ့ ဗြဟ္မစိုရ်တရား (၄) ပါးကိုတော့ သိကြမှာပါ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဆိုတဲ့တရားလေးပါးပေါ့။ ကိုယ့်အပေါ် မကောင်းတဲ့သူကို မေတ္တာ၊ ဂရုဏာထားကြည့်တယ်ပေါ့။ နောက်ဆုံးအဆင့် ဘယ်လိုမှ မရရင်တော့ ဥပက္ခာတရားနဲ့ သူဘာလုပ်လုပ် ကိုယ်နဲ့မဆိုင်သလိုပဲ ဥပက္ခာပြုထားတယ်ပေါ့။ ဒီလို ကြိုးစားပြီး နေကြည့်ပါတယ်။ ပုထုဇဉ်တွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟ တရားနဲ့တော့ မကင်းဘူးပေါ့။ ဒေါသတရားဟာ ပူလောင်ပါတယ်။ မီးဟာ တစ်ခြားသူကို လောင်မြိုက်စေသလို မီးကို ကိုင်ထားတဲ့သူကိုလည်း လောင်မြိုက်တတ်ပါတယ်။ ဒေါသတရားဟာလည်း ဒီလိုပါပဲ.. ရင်ထဲမှာ ဒေါသတရားကို ထည့်ထားတဲ့သူဟာ ပူလောင်ပါတယ်။ ဗုဒ္ဓရဲ့တရားတွေဟာ အကျင့်တရားတွေပါ။ သိပြီးရင် လိုက်နာကျင့်ကြံနိုင်မှ အကျိုးရှိတာပါ။ ကျွန်တော်ကတော့ အဲ့လိုနေနိုင်အောင် အတတ်နိုင်ဆုံး ကျင့်ကြံပါတယ်။
(koawlan said:
ကျွန်တော်နဲ့ ကိုမိုးမှောင်ကြီးက တူသယောင်ယောင်နဲ့ မတူလောက်ဘူးလို့ထင်ပါတယ်။
သည်းမခံနိုင်လောက်တဲ့အထိ၊ မတတ်နိုင်လောက်တဲ့အထိ ဆိုးလာရင်တော့ ကိုမိုးကြီးက ဘယ်လိုတုံန်ပြန်မလဲ မသိပေမယ့် ကျွန်တော်ကတော့ ပေါက်ကွဲမှုနဲ့ တုန့်ပြန်မိပါတယ်။
ရှေ့မှာကသည်းခံခဲ့ရတာပါ အတိုးချပြီး သူများထက်တောင် အတိုးချပြီး ပေါက်ကွဲမိပါသေးတယ်။
ဆိုလိုတာက သည်းခံကြတဲ့အခါ ဘယ်လိုမျိုးသည်းခံမလဲ ဆိုတာက ရှိတယ်လေ။
သူတော်ကောင်းတွေကျတော့ မေတာစိတ်နဲ့ သြော်.. သူဆိုးရှာတယ်။သူ..မိုက်ရှာတယ်ပေါ့။
ကျွန်တော်လို ရိုးရိုးသာမာန်လူကတော့... ဟာ..ဒီကောင်က ခွေးထက်မိုက်တယ်။ ရှောင်မှ..။ဟာ..သူက ငါ့နဲ့အဆင့်အတန်းမတူဘူး... စသဖြင့် ကိုယ်ကိုကိုယ် လယ်ဗယ်မြှင့်ပြီး သည်းခံတာလေ။
သူတော်ကောင်းစိတ်နဲ့ မဟုတ်တော့ကျတော့ ပေတံဆုံးသွားပြီဆိုရင် ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ အဖြေပါပေးမှ ငြင်းရတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်လို့ ထင်ပါတယ်။
ကျွန်တော်ကတော့ ပေတံဆုံးတဲ့အထိ ကြုံလာတဲ့အခါ သူငယ်ချင်းတွေကတောင် အံ့သြလောက်တဲ့အထိ ပြန်တုံ့ပြန်တဲ့သူမျိုးပါ။ ဒီတော့ သူတော်ကောင်းစိတ်နဲ့ သည်းခံတာမဟုတ်ပဲ.. ပြီးသွားရင် အေးတာပဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်ကောင်းနှိင်သလောက် ပြန်ကောင်းတတ်တဲ့ သူမျိုးပါ ခင်ဗျား ။။။။။။)

Reply by koawlan 19 hours ago
ဂလိုဆိုရင်တော့ လေးစားပါတယ်ခင်ဗျာ......
စကားမစပ် ဥပေကာ(စာလုံးဆင့် မရိုက်တတ်လို့ပါ။) တရားက အခက်ဆုံးလို့ပြောတာ ကြားဖူးတယ်။....
ကျွန်တော်တို့လူသာမာန်တွေရဲ့ ဥပေကာလား ?? သူတော်ကောင်းတွေရဲ့ ဥပေကာလား???
ကိုမိုးမှောင်ကြီးနားမှာ နေချင်တယ်ဗျိုး.. စရင်လည်း သည်းခံ၊ ဘာပဲလုပ်လုပ်ဒေါသလည်းမထွက်၊
ဟိ. ဟိ. ကလိချင်တယ်ဗျာ....သူတော်ကောင်းကြီးကို.. ကဲ.. စပြီးဆိုးပြီနော်..ဘယ်လိုပြန်ကောင်းမလဲ ?? သိချင်တယ်ဗျိုး.....
(moehmaung said:
ကျွန်တော်တို့က ပုထုဇဉ်တွေဆိုတော့ ဒေါသဖြစ်လာပြီဆိုရင် ပေါက်ကွဲတတ်ကြတာ သဘာဝပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုတော့ ဗုဒ္ဓရဲ့တရားတော်နဲ့ပဲဖြေပါမယ်။ ဘုရားဟောကြားခဲ့တဲ့ ဗြဟ္မစိုရ်တရား (၄) ပါးကိုတော့ သိကြမှာပါ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဆိုတဲ့တရားလေးပါးပေါ့။ ကိုယ့်အပေါ် မကောင်းတဲ့သူကို မေတ္တာ၊ ဂရုဏာထားကြည့်တယ်ပေါ့။ နောက်ဆုံးအဆင့် ဘယ်လိုမှ မရရင်တော့ ဥပက္ခာတရားနဲ့ သူဘာလုပ်လုပ် ကိုယ်နဲ့မဆိုင်သလိုပဲ ဥပက္ခာပြုထားတယ်ပေါ့။ ဒီလို ကြိုးစားပြီး နေကြည့်ပါတယ်။ ပုထုဇဉ်တွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟ တရားနဲ့တော့ မကင်းဘူးပေါ့။ ဒေါသတရားဟာ ပူလောင်ပါတယ်။ မီးဟာ တစ်ခြားသူကို လောင်မြိုက်စေသလို မီးကို ကိုင်ထားတဲ့သူကိုလည်း လောင်မြိုက်တတ်ပါတယ်။ ဒေါသတရားဟာလည်း ဒီလိုပါပဲ.. ရင်ထဲမှာ ဒေါသတရားကို ထည့်ထားတဲ့သူဟာ ပူလောင်ပါတယ်။ ဗုဒ္ဓရဲ့တရားတွေဟာ အကျင့်တရားတွေပါ။ သိပြီးရင် လိုက်နာကျင့်ကြံနိုင်မှ အကျိုးရှိတာပါ။ ကျွန်တော်ကတော့ အဲ့လိုနေနိုင်အောင် အတတ်နိုင်ဆုံး ကျင့်ကြံပါတယ်။)

Reply by moehmaung 19 hours ago
မနောက်ပါနဲ့သားရယ် .. ဦးကအတည်ပြောနေတာကို.. စပါဗျာ.. ရပါတယ်.. သူတော်ကောင်းကြီးလို့တော့ မပြောပါနဲ့ အခုမှ ဒေါသကို ထိန်းချုပ်နိုင်အောင် ကျင့်ကြံနေတုန်းပါ.. ဟဲဟဲ..
(koawlan said:
ဂလိုဆိုရင်တော့ လေးစားပါတယ်ခင်ဗျာ......
စကားမစပ် ဥပေကာ(စာလုံးဆင့် မရိုက်တတ်လို့ပါ။) တရားက အခက်ဆုံးလို့ပြောတာ ကြားဖူးတယ်။....
ကျွန်တော်တို့လူသာမာန်တွေရဲ့ ဥပေကာလား ?? သူတော်ကောင်းတွေရဲ့ ဥပေကာလား???
ကိုမိုးမှောင်ကြီးနားမှာ နေချင်တယ်ဗျိုး.. စရင်လည်း သည်းခံ၊ ဘာပဲလုပ်လုပ်ဒေါသလည်းမထွက်၊
ဟိ. ဟိ. ကလိချင်တယ်ဗျာ....သူတော်ကောင်းကြီးကို.. ကဲ.. စပြီးဆိုးပြီနော်..ဘယ်လိုပြန်ကောင်းမလဲ ?? သိချင်တယ်ဗျိုး.....)

Reply by မစ်(စ်)သွန်းသွန်း 19 hours ago
ဟွန့် ကိုမိုးမှောင်ကြီးနော် .. ပြောတော့ ခန္တီစ ခန္တီစ နဲ့ ။ ပြီးတော့ သူက သေနတ်ကြီးကိုင်လို့ ။
တော်တော်ဆိုးဆိုးပါလား ။ :P

Reply by moehmaung 19 hours ago
သွန်းသွန်းရေ နိုင်ငံရေးတွေပါရဘူးလေ... အဲ့ဒါ ၂၄ ပစ် စည်းရွတ်နေတာ.. တစ်နေ့ ၂၄ ခါ ပစ်တယ်.. အဲ့လေ ၂၄ ပစ္စည်းကို ၂၄ ခါ ရွတ်တယ်လို့
(မစ်(စ်)သွန်းသွန်း said:
ဟွန့် ကိုမိုးမှောင်ကြီးနော် .. ပြောတော့ ခန္တီစ ခန္တီစ နဲ့ ။ ပြီးတော့ သူက သေနတ်ကြီးကိုင်လို့ ။
တော်တော်ဆိုးဆိုးပါလား ။ :P)

Reply by exiter 18 hours ago
ကြိုက်သွားပြီ မောင်ရေ့။
:D
(moehmaung said:
ကို exiter ရေ ဖြေထားတယ်နော် ဟဲဟဲ ကျေနပ်ပါ့မလား မသိဘူး)

Reply by Saung 15 minutes ago
တို့ကငြင်းတာတော့မဟုတ်ဘူး။ ပြောကြည့်မယ်နော်။ သူ ကိုယ့်အပေါ်မှာ ဘယ်လောက်ဆိုးဆိုး သည်းခံလိုက်ရင် တနေ့ ကျ ရင် သူကိုယ့်အပေါ်ကိုပြန်ကောင်းလာပါလိမ့်မယ်။ သူဆိုးတိုင်းကိုယ်ကပြန်ဆိုးနေမယ်ဆိုရင် ရန်သူတွေဖြစ်ကုန်မှာပေါ့။ သည်းခံတယ်ဆိုတာ သည်းခံနိုင်တဲ့အတိုင်း အတာအထိပဲသည်းခံတယ် ဆိုတာ သည်းခံခြင်း မဟုတ်ပါဘူး ။ လုံးဝသည်းမနိုင်တဲ့အရာကိုသည်းခံလိုက်တာက သည်းခံခြင်းပဲ။ ဒါကတို့ အမြင်ပေါ့နော်။

Reply by moehmaung 2 seconds ago
အမြင်တူနေတော့ ပြောစရာကို မရှိတော့ပါဘူး။ ငြင်းစရာမှမလိုတာ။ အမြင်မတူမှသာ ငြင်းလို့ရမှာကိုး.. ဟဲဟဲ

No comments: