
အတိတ်
အိပ်မက်အကြီးစားတွေမက်ခဲ့တယ်
မျှော်လင့်ထားသမျှ ဖြစ်လာမယ် ထင်ခဲ့တယ်
ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းနိုင်မယ်ထင်ခဲ့တယ်
အသေးအမွှားကိစ္စတွေကို အလေးမထားခဲ့ဘူး
ကြီးကြီးမားမား ပြဿနာတွေကို စိတ်ဝင်စားခဲ့တယ်
အတ္တကို ရှေ့တန်းမတင်ဘူးလို့ ကြွေးကြော်ခဲ့တယ်
ငါဟာအတိတ်တုန်းကတော့
လူကောင်းတစ်ယောက်ဖြစ်ချင် ဖြစ်ခဲ့မှာပါ…..
ပစ္စုပ္ပန်
အိပ်မက်တွေကို မမက်ချင်တော့ဘူး လက်တွေ့ဆန်တတ်လာပြီ
မဖြစ်နိုင်တာတွေကို မမျှော်လင့်တော့ဘူး
ဘဝကို လေးလေးနက်နက်ဖြတ်သန်းဖို့ ကြိုးစားနေတယ်
တစ်ခါတစ်ရံမှာ အသေးအမွှားကိစ္စတွေကို ဂရုစိုက်တတ်လာပြီ
ကိုယ်နဲ့မဆိုင်ရင် ပြဿနာဘယ်လောက်ကြီးကြီး စိတ်မဝင်စားတော့ဘူး
အတ္တနဲ့ ပရမျှစေရမယ်ဆိုပြီး ဟန်ဆောင်တတ်လာပြီ
ငါဟာ ပစ္စုပ္ပန်မှာတော့
လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေရတဲ့ လူတစ်ယောက်ပါ…..
အနာဂတ်
ဖြစ်နိုင်မယ်ဆိုရင်တော့ အိပ်မက်ကောင်းလေးတွေ မက်ခွင့်ရချင်တယ်
မဖြစ်နိုင်ဘူးဆိုတာကို မရှိစေချင်တော့ဘူး
ဘဝကို ဝေဖန်သုံးသပ်နေမယ်ထင်တယ်
အသေးအမွှားကိစ္စလေးတွေကိုလည်း လျစ်လျူမရှုတော့ပါဘူး
ပြဿနာအကြီးစားတွေကိုလည်း လေ့လာဆန်းစစ်မယ်
အတ္တကတော့ ရှိနေအုံးမယ်ထင်တယ်
ငါဟာ အနာဂတ်မှာတော့
လူကောင်းတစ်ယောက် ဖြစ်ချင်တယ်…..
1 comment:
ကိုတေဇာ
ညီလည်း နည်းနည်းတော့ သဘောပေါက်ချင်လာပြီ။ မဖြစ်နိုင်တာကို သိပ်စိတ်အဆင်းရဲမခံချင်တော့ဘူး.......
ဖြစ်နေတာကိုသာ အကောင်းဆုံးကြိုးစားတော့မယ်
Post a Comment