
ယခုဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်အသစ်ဟာ အီလက်ထရောနစ်နည်းလမ်းဖြင့် ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ၊ လက်အားဖြင့်ဖြစ်စေ ၀င်ရောက်လာနိုင်ပါသည်။ ယင်းဗိုင်းရပ်စ်ကတော့ ကျွမ်းကျင်သူများ၏ အဆိုအရ Worm-Overload-Recreational-Killer (WORK) လို့ခေါ်ပါသည်။ အဆိုပါ ဗိုင်းရပ်စ်ကို လက်ခံရရှိပါက လုံးဝကိုင်တွယ်ထိတွေ့ခြင်းမပြုပါနှင့်။ ၄င်းဗိုင်းရပ်စ်သည် သင်၏ကိုယ်ပိုင်အချိန်များကို သင့်ဘ၀အတွင်းမှ လုံးဝဆိတ်သုဉ်းသွားအောင် စွမ်းဆောင်နိုင်ပါသည်။
(WORK) ဆိုသည့် ဗိုင်းရပ်စ် ကူးစက်ခံရပါက ကုသရန်နည်းလမ်းမှာ အနွေးထည်ဝတ်ပြီး အရင်းနှီးဆုံး သူငယ်ချင်း (၂) ဦးခန့်ခေါ်ကာ အနီးဆုံး ဘားသို့သွားသင့်ပါသည်။ ပြီးလျှင် Work - Isolator – Neutralizer - Extractor (WINE) သို့မဟုတ် Bothersome – Employer – Eliminator - Rebooter (BEER) ဖြစ်စေမှီဝဲရပါမည်။ ဗိုင်းရပ်စ် သင့်စနစ်အတွင်းမှ လုံးဝအမြစ်ပြတ် သွားသည်အထိ ယင်းဆေးကို သုံးပြီးကုသရပါမည်။
ယခုသတိပေးချက်အား သင်၏သူငယ်ချင်း (၅) ဦးထံ ဆက်လက်အကြောင်းကြားပေးပါ။ သင့်တွင် သူငယ်ချင်း (၅) ယောက်မရှိခဲ့ဖူးဆိုလျှင် သင်သည် ဗိုင်းရပ်စ်ကူးဆက်ခံနေရပြီးဖြစ်ပြီး သင်၏ ဘဝကို (WORK) ဆိုသည့် ဗိုင်းရပ်စ်က ထိန်းချုပ်ထားပြီဖြစ်ပါသည်။
WORK = အလုပ်၊ WINE =ဝိုင်၊ BEER =ဘီယာ
No comments:
Post a Comment