Monday, March 3, 2008

နည်းပညာအကူအညီ



နည်းပညာအကူအညီပေးသူရှင့်…….

လွန်ခဲ့သည့်နှစ်က ကျွန်မသည် Boyfriend 5.0 ဆော့ဖ်ဝဲကို Husband 1.0 သို့ အဆင့်မြှင့်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Boyfriend 5.0 အသုံးပြုစဉ်က အင်မတန်အသုံးဝင်ခဲ့တဲ့ flower and jewelry applications ဆော့ဖ်ဝဲတွေကို အသုံးပြုရာမှာ နှေးကွေးလာတာတွေ့ရပါတယ်။

နောက်ပြီးတော့ Husband 1.0 ဟာ Romance 9.9 လို အသုံးဝင်တဲ့ဆော့ဖ်ဝဲ တွေကို Uninstalled လုပ်ပြစ်ပြီး အခြားအသုံးမဝင်တဲ့ အရင်က အသုံးမပြုဘူးတဲ့ NFL 7.4, NBA 3.2, NHL 4.1. , Conversation 8.0 နှင့် Housecleaning 2.6 တို့ကို Installed လုပ်ပြီး စနစ်ကိုနှေးကွေးစေပါတယ်။ ကျွန်မအနေနဲ့ Nagging 5.3 ကိုသုံးပြီး ဖြေရှင်းဖို့ကြိုးစားပေမယ့် အသုံးမဝင်ပါဘူး။ ကျွန်မဘာဆက်လုပ်ရပါမလဲ? ဖြေကြားပေးစေလိုပါတယ်။

လေးစားစွာဖြင့်

အကူအညီလိုသူ

***************************************************************************************
အကူအညီလိုသူခင်ဗျား

ပထမဆုံးအနေနဲ့ သိထားရမှာက Boyfriend 5.0 ဟာ ဖျော်ဖြေရေးဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး Husband 1.0 ဟာ (operating system) လည်ပတ်ပေးတဲ့ စနစ်တစ်ခုဖြစ်တယ် ဆိုတာပါပဲ။Command Prompt မှာ command C:/I THOUGHT YOU LOVED ME ဆိုတာရိုက်ထည့်ပြီး Tears 6.2 ဆော့ဖ်ဝဲကို Install လုပ်ပေးပါ။ အဲ့ဒီအခါမှာ Husband 1.0 ဟာ Guilt 3.3 နဲ့ Flowers 7.5. ဆော့ဖ်ဝဲတွေကို အလိုအလျောက် Run ပေးပါလိမ့်မယ်။

ဒါပေမယ့် သတိပြုရမယ့်အချက်ကတော့ အဲ့ဒီဆော့ဖ်ဝဲတွေကို အလွန်အကျွန် အသုံးမပြုမိဖို့ပါ။ အလွန်အကျွန်အသုံးပြုမိရင် Husband 1.0 ဟာ Grumpy Silence 2.5, Happy Hour 7.0, Beer 6.1. ဆော့ဖ်ဝဲတွေကို default အနေနဲ့ Run သွားပါလိမ့်မယ်။ သတိပြုရမှာက Beer 6.1 ဟာ အလွန်ဆိုးဝါးတဲ့ ပရိုဂရမ်တစ်ခုပါ။ SnoringLoudly.WAV ဖိုင်ကို ဖန်တီးပြီး သင့်ကို ဆူညံသံတွေနဲ့ နှောင့်ယှက်ပါလိမ့်မယ်။ နောက်ပြီး Mother-In-Law 1.0 ကို install မလုပ်မိဖို့နဲ့ အခြား Boyfriend program ကို reinstall မပြုလုပ်ဖို့ သတိထားရပါမယ်။ အဲ့ဒီဆော့ဖ်ဝဲများဟာ Husband 1.0 ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ နောက်ထပ်ဖြစ်စေနိုင်တာကတော့ Husband 1.0 ကို နောက်ကွယ်မှာ Girlfriend 9.2 လို ပရိုဂရမ်မျိုးကို Run စေနိုင်ပါတယ်။ ၄င်းပရိုဂရမ်ဟာ သင့်ရဲ့စနစ်ကို ဒုက္ခပေးနိုင်တဲ့ viruses တစ်မျိုးပါ။

အချုပ်အားဖြင့်တော့ Husband 1.0 ဟာ ကြီးမားတဲ့ ပရိုဂရမ်တစ်ခုပါ။ ဒါပေမယ့် memory ကန့်သတ်ချက်တော့ ရှိပါတယ်။ သူနဲ့တွဲပါလာတဲ့ applications ဆော့ဖ်ဝဲ အသစ်တွေကို အမြန်ဆုံးနားလည်နိုင်ဖို့ခက်ပါတယ်။ Husband 1.0 ရဲ့လုပ်ဆောင်မှုတွေကို ပိုမိုအဆင်ပြေစေဖို့ အခြား additional software တွေကို ဝယ်သုံးဖို့ အကြံပေးလိုပါတယ်။ အခြားအကြံပြု လိုတာကတော့ Husband 1.0 ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်စေနိုင်တဲ့ Hot Food 3.0, Single Malt Scotch 4.5, Boob Job 3.6D နဲ့ Lingerie 6.9 တို့ကို တွဲဘက်အသုံးပြုပါလို့။

ကံကောင်းနိုင်ပါစေ

နည်းပညာအကူအညီပေးသူ

No comments: