
အိပ်မက်မြစ်ထဲက
ငါးတစ်ကောင်ကို လိုက်ဖမ်းရတာ
လွယ်မယောင်နဲ့ တယ်ခက်ပါလား?
လူကြီးတွေကပြောတယ်
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုရွေးပါတဲ့
ဘဝမှာက ဖြစ်သင့်တာထက်
ဖြစ်ချင်တာတွေက သူ့ဘာသာသူ
ဖြစ်ချင်တိုင်းကို ဖြစ်နေတာကိုး
စိတ်ပျက်စရာကောင်းပေမယ့်
လူတိုင်းသူ့ဘဝနဲ့သူ ပျော်နေကြတာပဲ
ကိုယ့်ဘဝလေးကို ခင်တွယ်ပြီး
အပြောင်းအလဲတွေကို ကြောက်တယ်
အသစ်အသစ်တွေကို လက်ခံဖို့
စဉ်းစားမယ်၊ သုံးသပ်မယ်
အများနည်းတူ အလိုက်သင့်ပဲ စီးမျှောချင်ကြတယ်
ကိုယ့်ပုံစံနဲ့ ကိုယ်နေထိုင်ဖို့ထက်
အများရဲ့ပုံစံမှာ ဘောင်ဝင်ဖို့ကြိုးစားကြတယ်
ဘဝမှာ ကိုယ်ပုံစံနဲ့ကိုယ်နေဖို့ကပိုခက်ပါတယ်ဗျာ။
1 comment:
ကိုတေဇာစတိုင်လား၊
Post a Comment