but it takes a special person
to be called Dad.
ကလေးများအနေနှင့် ၄င်းတို့၏ ဖခင်များကို ဂုဏ်ပြုသည့် နေ့သတ်မှတ်ရန် အကြံကို ဝါရှင်တန်ရှိ စပို့ကိန်း (Spokane) တွင် ဆိုနိုရာ စမတ် ဒေါဒ် (Sonora Smart Dodd) ဆိုသည့် အမျိုးသမီးတစ်ဦးမှ ၁၉၀၉ ခုနှစ်တွင် မိခင်များနေ့ သဝဏ်လွှာကို နားထောင်ရင်းမှ စတင် အကြံဥာဏ် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
သူမ၏ မိခင်ကွယ်လွန်သွားပြီးနောက် ဖခင်ဖြစ်သူ ဝီလီယံ ဂျက်ဆန် စမတ်သည် သူမအတွက် မည်မျှအရေးပါသည်ကို သိစေချင်ခဲ့သည်။ ဆိုနိုရာ၏ အမြင်တွင် သူမ၏ဖခင်သည် ဖခင်ကောင်းတစ်ယောက်၊ သတ္တိရှိသူတစ်ယောက်၊ ကိုယ်ကျိုးစွန့်တတ်သူ၊ ချစ်မြတ်နိုးတတ်သူ တစ်ဦးအဖြစ် လေးစားနေခဲ့သည်။ ဆိုနိုရာ၏ ဖခင်သည် ဇွန်လတွင် မွေးဖွားသူဖြစ်သည်။ ထို့ကြောင့် ပထမဆုံးအကြိမ် ဖခင်များနေ့ကို စပို့ကိန်း (Spokane) တွင် ၁၉၁၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
၁၉၂၆ ခုနှစ်တွင် အမျိုးသားအဆင့် ဖခင်များနေ့ ကျင်းပရေး ကော်မတီကို နယူးယောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ်တွင် လွှတ်တော်နှစ်ရပ်၏ ဆုံးဖြတ်ချက်ဖြင့် ဖခင်များနေ့ကို အသိအမှတ် ပြုခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် သမ္မတ ရစ်ချက်နစ်ဆင် (Richard Nixon) က ဖခင်များနေ့ကို ဇွန်လ၏ တတိယ သီတင်းပတ်တွင် ကျရောက်သည့် တနင်္ဂနွေနေ့၌ ကျင်းပသွားရန် အမျိုးသားအဆင့် ဖခင်များနေ့ ကျင်းပရေး အမြဲတမ်းအဖွဲ့ တစ်ရပ်ကို တည်ထောင် ပေးခဲ့ပါသည်။ ထို့ကြောင့် ဖခင်များနေ့သည် ဆိုနိုရာဆိုသည့် သမီးတစ်ဦးမှ သူမ၏ ဖခင်အပေါ် ကျေးဇူးသိတတ်မှု၊ အမှတ်တရအဖြစ် စတင်မွေးဖွားခဲ့ပြီး မိခင်များနေ့ကဲ့သိုပင် ဖခင်ကောင်းများအား ဂုဏ်ပြုသည့် အထူးနေ့ တစ်နေ့အဖြစ် နှစ်စဉ် ကျွန်ုပ်တို့ ကျင်းပနေခဲ့ကြခြင်း ဖြစ်ပါသည်။
(ဖခင်များနေ့ အမှတ်တရ အင်တာနက်မှ ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်ပါသည်။)
No comments:
Post a Comment