Friday, June 20, 2008

ကလေးတစ်ယောက်ကို အိပ်ယာဝင်ခိုင်းခြင်း


ဖခင်ဖြစ်သူမှ ကလေးငယ်တစ်ယောက်အား အိပ်ယာ ဝင်ခိုင်း စဉ် ဖြစ်ပါသည် -
(ငါးမိနစ်ကြာသော်)
“အဖေ”
“ဘာလဲသား”
“သား ရေဆာတယ်.. တစ်ခွက်လောက်ခပ်ပေးပါလား”
“မရဘူးသား.. မီးပိတ်ပြီးပြီ.. အိပ်တော့”
(နောက်ငါးမိနစ်ကြာသော်)
“အဖေ”
“ဘာလဲကွာ”
“သားရေဆာတယ်.. ရေတစ်ခွက်လောက် အဖေ”
“ငါမင်းကို ပြောပြီးပြီလေ.. မရဘူးလို့.. နောက်တစ်ခါထပ်တောင်းရင် အရိုက်ခံရမယ်..”
(နောက်ငါးမိနစ်ကြာသော်)
“အဖေ”
“ဘာဖြစ်ပြန်ပြီလဲ”
“ဟိုလေ.. အဖေသားကို ရိုက်ဖို့လာရင် ရေတစ်ခွက်လောက် ခပ်ခဲ့ပေးနော်..”

1 comment:

Anonymous said...

ရယ်ရတယ်နော်