Saturday, June 21, 2008

အနီရောင်၏သဘော

အနီရောင်သည် သွေးနှင့် မီးတောက်တို့၏ အရောင်ပင်ဖြစ်သည်။ အနီရောင်သည် စွမ်းအင်၊ စစ်ပွဲ၊ အန္တရာယ်၊ ခွန်အား၊ စွမ်းအား၊ အဆုံးအဖြတ် (ဆန္ဒ၊ ချစ်ခြင်းမေတ္တာစသည်တို့အတွက် ) တို့နှင့်ဆက်နွယ်နေသည့် အရောင်ဖြစ်သည်။

အနီရောင်သည် စိတ်လှုပ်ရှားမှုကို ဖြစ်စေနိုင်သော အရောင် လည်းဖြစ်သည်။ အနီရောင်သည် လူသားတို့၏ ဇီဝလုပ်ငန်းစဉ်၊ အသက်ရှုနှုန်း၊ သွေးခုန်နှုန်းများကိုလည်း မြင့်မားစေနိုင်သည့် အစွမ်းရှိသည်။ ထို့ပြင် အနီရောင်သည် ထင်ရှားစွာ မြင်တွေ့နိုင်သည့် အရောင်လည်း ဖြစ်သည့်အတွက် သတိပေး ဆိုင်းဘုတ်များ၊ မီးပွိုင့်တွင် ကားရပ်ရန်၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်း ကိရိယာများတွင် အနီရောင်ကို အသုံးပြုခြင်းဖြစ်သည်။ အနီရောင်သည် သတ္တိရှိခြင်းကိုလည်း ကိုယ်စားပြုသည်။ ထို့ကြောင့် နိုင်ငံတကာ အလံအများစုတွင် အနီရောင်ကို အသုံးပြုကြခြင်း ဖြစ်ပါသည်။

အင်တာနက် Website များတွင် လူများ၏ ဆုံးဖြတ်ချက်များ အမြန် ပြုလုပ်နိုင်စေရန် အနီရောင်ကို “Buy Now” ၊ “Click Here” စသည့် Button များတွင် အသုံးပြုလေ့ ရှိပါသည်။ အနီရောင်ကို အန္တရာယ် သတိပေး ဆိုင်းဘုတ်များ (သတိ ဗို့အား “ ” ရှိသည်၊ ယာဉ်ကြော ပိတ်ဆို့မှုများ) တွင် အသုံးပြုလေ့ ရှိပါသည်။ အနီရောင်သည် စွမ်းအားနှင့်လည်း သက်ဆိုင်သည့်အတွက် အားဖြည့်အချိုရည်များ၊ ဂိမ်းများ၊ မော်တော်ယာဉ်များ၊ အားကစားနှင့် သက်ဆိုင်သည့် ပစ္စည်းများ အရောင်းမြှင့်တင်ရာတွင်လည်း အသုံးပြုလေ့ ရှိပါသည်။

အနီရောင် ဖျော့ဖျော့သည် ပျော်ရွှင်မှု၊ ဆွဲဆောင်နိုင်မှု၊ စိတ်ခံစားမှုနှင့် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါသည်။
ပန်းရောင်သည် အချစ်၊ မိတ်ဆွေရင်းချာဆက်ဆံမှုများကို ကိုယ်စားပြုပါသည်။
အနီရင့်ရောင်သည် စိတ်စွမ်းအား၊ ဒေါသ၊ ခေါင်းဆောင်မှု၊ သတ္တိနှင့် စစ်ပွဲ တို့ကို ကိုယ်စားပြုပါသည်။
အညိုရောင်သည် တည်ငြိမ်မှုကိုဆောင်ပါသည်။
နီညိုရောင်သည် ကောက်ရိတ်သိမ်းမှု၊ ခုတ်လှဲမှုများနှင့် သက်ဆိုင်ပါသည်။

No comments: