Saturday, June 21, 2008

လိမ္မော်ရောင်၏သဘော

လိမ္မော်ရောင်သည် အနီရောင်၏ စွမ်းအားနှင့် အဝါရောင်၏ ပျော်ရွှင်မှုများ ပေါင်းစပ်ထားသည့် အရောင်ဖြစ်ပါသည်။ လိမ္မော်ရောင်သည် ပျော်ရွှင်မှု၊ နေရောင်ခြည်၊ အပူပိုင်းဒေသ များနှင့် ဆက်နွယ်နေပါသည်။ လိမ္မော်ရောင်သည် စိတ်အား ထက်သန်မှု၊ ပျော်ရွှင်မှု၊ ဖန်းတီးမှု၊ ဆုံးဖြတ်နိုင်မှု၊ ဆွဲဆောင်မှု၊ အောင်မြင်မှု၊ ယုံကြည်မှုနှင့် တုပဖန်တီးမှုများကို ကိုယ်စားပြု ထားပါသည်။

လူသားတို့၏ အမြင်တွင် လိမ္မော်ရောင်သည် အလွန်စူးရှ ပူလောင်သည့် အရောင်လည်း ဖြစ်သည်။ သို့သော်ငြားလည်း လိမ္မော်ရောင်သည် အနီရောင်လောက်မူ စူးရှခြင်း မရှိပါ။ လိမ္မော်ရောင်သည် ဦးနှောက်သို့ အောက်ဆီဂျင် ထောက်ပံ့မှု တိုးမြင့် စေနိုင်ခြင်း၊ ကျန်းမာရေး ကောင်းမွန်စေနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖန်တီးမှုများကို အားပေးသည့် အရောင် ဖြစ်ပါသည်။ လိမ္မော်ရောင်သည် ကျန်းမာရေးအတွက် ကောင်းမွန်သည့် အစားအစာများနှင့်လည်း သက်ဆိုင်ပါသည်။ လိမ္မော်ရောင်သည် ခွန်အားနှင့် အခက်အခဲများကို ကျော်လွှားနိုင်သည့် သင်္ကေတ အရောင်လည်း ဖြစ်ပါသည်။

လိမ္မော်ရောင်သည် ထင်ရှားစွာမြင်နိုင်သည့် အရောင်လည်းဖြစ်သည်။ ထို့ကြောင့် လိမ္မော်ရောင်ကို အရေးကြီး ဂရုပြုစေလိုသည့် အရာများတွင် အသုံးပြုနိုင်ပါသည်။ လိမ္မော်ရောင်သည် အစားအစာများနှင့် ကစားစရာများ အရောင်းမြှင့်တင်ရာတွင် ထိရောက်သည့် အရောင်လည်းဖြစ်ပါသည်။

လိမ္မော်ရောင်ရင့်ရင့်သည် ယုံကြည်မှုကို ပျက်စီးစေခြင်း၊ ဖျက်ဆီးခြင်း အဓိပ္ပာယ်ကို ဆောင်ပါသည်။
အနီရောင်သို့သန်းသည့် လိမ္မော်ရောင်သည် ဆန္ဒ၊ ကျေနပ်နှစ်သိမ့်မှု၊ အများအပေါ် လွှမ်းမိုးနိုင်မှု၊ ဒေါသ ပေါက်ကွဲမှုတို့ကို ကိုယ်စားပြုပါသည်။
ရွှေရောင်သည် ရိုသေလေးစားမှုကို ဖြစ်စေနိုင်သည့် အရောင်ဖြစ်သည်။ ရွှေရောင်၏ အဓိပ္ပာယ်မှာ ထင်ရှားခြင်း၊ ဥာဏ်ပညာ၊ ချမ်းသာကြွယ်ဝခြင်းတို့ ဖြစ်ပါသည်။ ရွှေရောင်ကို တစ်ခါတစ်ရံတွင် စွမ်းရည်မြင့်မားမှု၏ သင်္ကေတအဖြစ် အသုံးပြုပါသည်။

No comments: