
ငါ့ဘဝထဲ ဝင်လာပြီး
နှောက်ယှက်ခဲ့တာလား ?
မုသားတွေကို သကာဖုံးပြီး
ငါယုံအောင် မင်းပြောခဲ့နိုင်တယ်..
လမိုက်ည ကြယ်တွေပျောက်နေခဲ့ချိန်မှာတောင်
ငါလမ်းမပျောက်ခဲ့ဘူး
မင်းကိုချစ်မိမှပဲ
ငါဘဝဟာ လမ်းပျောက်ခဲ့ရတယ်…
မင်းဟာ ငါ့ရဲ့
သံလိုက်အိမ်မြှောင်လေးပါ
ငါ့ဘဝ တည့်မတ်နိုင်ဖို့
မင်းရဲ့အချစ်တွေနဲ့
လမ်းပြလှည့်ပါကွာ။
1 comment:
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ တကယ်ကောင်းတယ်။
Post a Comment