Monday, June 30, 2008

အဝါရောင်၏ သဘော

အဝါရောင်သည် နေ၏ အရောင်ပင်ဖြစ်သည်။ ယင်း အရောင်သည် ကြည်နူးမှု၊ ပျော်ရွှင်မှု၊ အသိဥာဏ်ရှိမှု၊ စွမ်းအားတို့နှင့် ဆက်နွယ်နေသည့် အရောင် ဖြစ်ပါသည်။

အဝါရောင်သည် နွေးထွေးမှု၊ ပျော်ရွှင်မှုတို့ကို ဖြစ်စေပါသည်။ ရံဖန်ရံခါတွင် အဝါရောင်သည် အစားအစာနှင့် ဆက်နွယ်လေ့ ရှိပါသည်။ အရောအနှော ကင်းသော အဝါရောင်သည် အများတကာ၏ ဂရုပြုမှုကို ပိုမိုရရှိစေသော အရောင်လည်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် အငှားယာဉ်များ၏ ဆိုင်းဘုတ်များကို အဝါရောင် အသုံးပြုခြင်း ဖြစ်ပါသည်။ အဝါရောင်ကို လွန်ကဲစွာ အသုံးပြုပါက အနှောင့်အယှက် ဖြစ်စေတတ်ပါသည်။ ယင်းကြောင့်ပင် အဝါရောင် သုတ်ထားသော အခန်းများတွင် ကလေးများ ပို၍ ငိုတတ်သည်ကို တွေ့ရပါသည်။ အဝါရောင်ကို အနက်ရောင်နှင့် တွဲ၍ ဖော်ပြပါက သတိပေးသည့် သဘောဖြစ်ပါသည်။ ရှေးယခင်က အဝါရောင်သည် ဂုဏ်ပြုမှု၊ သစ္စာရှိမှု တို့ကို ဖော်ညွှန်းခဲ့သော်လည်း နောက်ပိုင်းတွင် သရဲဘောကြောင်သည့် အဓိပ္ပာယ်အဖြစ် ရည်ညွှန်းကြ ပါသည်။

အဝါရောင်ကို ကလေး အသုံးအဆောင် ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ အရောင်းမြှင့်တင်ရာတွင် အသုံးပြုနိုင် ပါသည်။ အဝါရောင်သည် အများတကာ၏ ဂရုပြုမှုကို ပိုမိုရရှိစေသော အရောင် ဖြစ်သည့်အတွက် ဒီဇိုင်းပုံစံများတွင် သိသာစေချင်သော အပိုင်းများကို အဝါရောင်ဖြင့် ဖော်ပြနိုင်ပါသည်။ သို့သော် အဝါရောင်သည် အမျိုးသားများ၏ အမြင်တွင် မလေးနက်သော၊ ကလေးဆန်သော အရောင်အဖြစ် မြင်လေ့ရှိသည့် အတွက် အမျိုးသားများကို ရည်ရွယ်သည် ဂုဏ်သရေရှိ တန်ဖိုးကြီး ပစ္စည်းများ ရောင်းချရာတွင် အဝါရောင်ကို အသုံးမပြုသင့်ပါ။ အဝါရောင် ကုတ်အင်္ကျီ (သို့) အဝါရောင် မာစီဒီးစ်ကားကို မည်သူမျှ ဝယ်ယူခြင်း မရှိသည်ကို ကြည့်၍ သိနိုင်ပါသည်။ အဝါရောင်သည် မတည်မငြိမ် ဖြစ်တတ်သည့် အရောင် ဖြစ်သည့်အတွက် တည်ငြိမ်မှုနှင့် လုံခြုံမှုကို ဖော်ညွှန်းရာတွင် အဝါရောင် အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့် ပါသည်။ အဝါရောင် ဖျော့ဖျော့သည် အဖြူရောင်တွင် ထင်ရှားစွာ မမြင်နိုင်သည့်အတွက် အဝါရောင် ဖျော့ဖျော့ကို ထင်ရှားစွာ မြင်စေလိုလျှင် အရောင်ရင့်များနှင့် တွဲသုံးသင့်ပါသည်။

အဝါရောင် မှိုင်းမှိုင်းသည် သတိပေးခြင်း၊ ပျက်စီးခြင်း၊ ဖျားနာခြင်း၊ မနာလိုမှုတို့ကို ကိုယ်စားပြုပါသည်။
အဝါရောင် ဖျော့ဖျော့သည် အသိဥာဏ်ရှိမှု၊ လတ်ဆတ်မှု၊ ပျှော်ရွှင်မှုတို့ကို ကိုယ်စားပြုပါသည်။

No comments: