
အစိမ်းရောင်သည် ကျန်းမာရေးနှင့် ပတ်သက်၍ ပျောက်ကင်းအောင် ကုသ ပေးနိုင်သော အစွမ်းရှိပါသည်။ အစိမ်းရောင်သည် လူသားတို့၏ အမြင် အာရုံကို အကျိုးပြုပါသည်။ အစိမ်းရောင်သည် အမြင်စွမ်းအားကို တိုးတက်စေနိုင် ပါသည်။ အစိမ်းရောင်သည် တည်ငြိမ်မှု၊ တာရှည်ခံမှု တို့ကိုလည်း ကိုယ်စားပြုပါသည်။ တစ်ခါတစ်ရံတွင် အစိမ်းရောင်သည် အတွေ့အကြုံ နည်းပါးမှု၏ သင်္ကေတ ဖြစ်ပါသည်။ ဥပမာအားဖြင့် အင်္ဂလိပ်ဘာသာတွင် Greenhorn သည် အတွေ့အကြုံမရှိသူ၊ လူသစ်ဟူသော အဓိပ္ပာယ်ကို ဆောင်ပါသည်။ ရှေးအခါက အစိမ်းရောင်ကို ကြီးထွားမှုနှင့် မျှော်လင့်ချက်များကို ဖော်ညွှန်းပါသည်။ အနီရောင်၏ ဆန့်ကျင်ဖက် အဓိပ္ပာယ် အဖြစ် အစိမ်းရောင်ကို ဘေးကင်းလုံခြုံမှု သင်္ကေတအနေဖြင့် ယာဉ်ကြောများ၊ မီးပွိုင့်များတွင် အသုံးပြုပါသည်။
ဆေးဝါးပစ္စည်းများ ကြော်ငြာရာတွင် အစိမ်းရောင်ကို ဘေးအန္တရာယ် ကင်းရှင်းမှုအဖြစ် ဖော်ပြပါသည်။ အစိမ်းရောင်သည် သဘာဝတရားနှင့် ဆက်နွယ်နေသည့်အတွက် သစ်တောထွက် ပစ္စည်းများကဲ့သိုသော သဘာဝ ကုန်ပစ္စည်းများ အရောင်းမြှင့်တင်ရာတွင် အစိမ်းရောင်ကို အသုံးပြုနိုင်ပါသည်။ အစိမ်းရင့်ရောင်သည် ငွေးကြေးနှင့် ဆက်နွယ်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ ဝေါစထရိတ် (Wall Street) တို့တွင် အစိမ်းရောင်ကို အသုံးပြုကြခြင်း ဖြစ်ပါသည်။
အစိမ်းရင့်ရောင်သည် ရည်ရွယ်ချက်၊ လောဘ၊ မနာလိုမှုများနှင့် ဆက်နွယ်နေပါသည်။
အဝါရောင်စပ်သော အစိမ်းရောင်သည် ဖျားနာမှု၊ သတ္တိနည်းမှု၊ ပျက်စီးမှု တိုကို ကိုယ်စားပြု ပါသည်။
သံလွင်စိမ်းရောင်သည် ရှေးရိုးအစဉ်အလာအရ ငြိမ်းချမ်းမှု၏ သင်္ကေတ ဖြစ်ပါသည်။
1 comment:
that's way too cool.
Post a Comment