Wednesday, July 2, 2008

အပြာရောင်၏ သဘော

အပြာရောင်သည် ကောင်းကင်နှင့် ပင်လယ်တို့၏ အရောင်ပင် ဖြစ်သည်။ အပြာရောင်သည် နက်ရှိုင်းမှု၊ တည်ငြိမ်မှုတို့နှင့် ဆက်နွယ်နေပါသည်။ အပြာရောင်သည် တည်ကြည်ခြင်း၊ ယုံကြည်မှု၊ သစ္စာရှိမှု၊ ဥာဏ်ပညာ၊ အမှန်တရားနှင့် ကောင်းကင်ဘုံ တို့၏ သင်္ကေတလည်း ဖြစ်ပါသည်။

အပြာရောင်သည် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာကို အကျိုးပြုသည့် အရောင်လည်း ဖြစ်ပါသည်။ အပြာရောင်သည် ဇီဝရုပ် ဖြစ်ပျက်မှုကို နှေးကွေးစေပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ရရှိစေသည့် အစွမ်းလည်း ရှိပါသည်။ အပြာရောင်သည် တည်ငြိမ်အေးချမ်းမှု ရရှိစေသည့် အရောင်ဖြစ်ပါသည်။ ရှေးအခါက အပြာရောင်ကို ဘာသာတရားအပေါ် နက်နက်ရှိုင်းရှိုင်း ယုံကြည်မှု၏ သင်္ကေတအဖြစ် အသုံးပြုခဲ့ကြ ပါသည်။

အပြာရောင်ကို သန့်ရှင်းရေးနှင့် သက်ဆိုင်သည့် ကုန်စည်များ၊ ဝန်ဆောင်မှုများ (ရေသန့်စင်ရေး ကိရိယာများ၊ သန့်စင်ဆေးရည်များ ကဲ့သို့သော)၊ လေကြောင်းဆိုင်ရာ လုပ်ငန်းများ (လေကြောင်းလိုင်း၊ လေဆိပ်များ၊ လေသန့်စက်များ ကဲ့သို့သော)၊ ရေနှင့် ရေကြောင်းဆိုင်ရာ ပစ္စည်းများ (ရွက်လှေ၊ ရေသန့်ကဲ့သို့သော) အရောင်းမြှင့်တင်ရာတွင် အသုံးပြုနိုင်ပါသည်။ အပြာရောင်ကို နည်းပညာမြင့် ပစ္စည်းများ အရောင်းမြှင့်တင် ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ (တိုရှီဘာ၏ နည်းပညာအပေါ် ဆိုနီ၏ Blue Ray DVD နည်းပညာက အနိုင်ရရှိခဲ့ခြင်းမှာ ထင်းရှားသည့် သာဓက ဖြစ်ပါသည်။)

အပြာရောင်သည် ပညာရေးနှင့် ပတ်သက်၍လည်း အကျိုးပြုသော အရောင်ဖြစ်ပါသည်။ အပြာရင့်ရောင်သည် လေးနက်ခြင်း၊ ရင့်ကျက်ခြင်း၊ တည်ငြိမ်ခြင်းတို့၏ ပုံရိပ်ဖြစ်သည့်အတွက် အမေရိကန်ရှိ စီးပွားရေးလုပ်ငန်း အများစုတွင် အပြာရင့်ရောင်ကို အသုံးပြုလေ့ ရှိပါသည်။

အပြာရောင်သည် အစာစားချင်စိတ်ကို လျော့နည်းစေတတ်သည့်အတွက် အစားအစာနှင့် စားသောက်ကုန်များ အရောင်းမြှင့်တင်ရာတွင် အပြာရောင် အသုံးပြုခြင်းကို ရှောင်ကြဉ် သင့်ပါသည်။ အပြာရောင်ကို အဝါနှင့် အနီတို့ကဲ့သို့သော အရောင်များနှင့် တွဲသုံးပါက စွမ်းအားကြီးမားမှုနှင့် ပေါ်လွင်ထင်ရှားမှုတို့ကို ဖြစ်စေပါသည်။ ဥပမာအားဖြင့် Superman ကဲ့သို့သော လူစွမ်းကောင်းများကို ပုံဖော်ရာတွင် အပြာ - အဝါ - အနီ အရောင်တွဲကို အသုံးပြုပါသည်။

အပြာနုရောင်သည် ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ တည်ငြိမ်ခြင်း၊ နားလည်မှုရှိခြင်းနှင့် နူးညံ့ခြင်းတို့နှင့် ဆက်နွယ်နေပါသည်။
အပြာရင့်ရောင်သည် အသိပညာ၊ စွမ်းအား၊ စည်းလုံးမှုနှင့် လေးနက်မှုတို့ကို ကိုယ်စားပြုပါသည်။


6 comments:

Anonymous said...

It could give you more facts.

Anonymous said...

Thanks to the owner of this blog. Ive enjoyed reading this topic.

မိုးမှောင် said...

Thank all visitors. I know that I need more fact to express the meaning of colour. I will try more. Thank all!

Nyo Pyar Nyet said...

Hello ko moehmaung
အပြာရောင်ကိုချစ်တဲ့သူမို့ အပြာရောင်အကြောင်း သေသေချာချာလေ့လာထားတဲ့ ကိုမိုးမှောင်ကိုကျေးဇူးပါ

wynn.sun said...

လာလည်သွားပါတယ်.. အပြာရောင်အကြောင်းတင်ပေးထားတာ ကျေးဇူးတင်ပါတယ်.. ကျွန်တော်ကြိုက်တဲ့အရောင်က ဘာအဓိပ္ပါယ်တွေရှိမှန်း သိခဲ့တာမဟုတ်ဘူး..

Anonymous said...

မေဇင်က အပြာရောက်ကို crazy ဖြစ်နေပေမယ့် အဓိပ္ပာယ်ကို မသိခဲ့ဘူး ။ ခုတော့ အပြာရောင်အကြောင်းဖော်ပြပေးတဲ့ ကိုမိုးမှောင်ကို အများကြီးကျေးဇူးတင်တယ် (လေးစားတယ်ဗျာ) တကယ်ပြောတာနော် ....