Thursday, July 3, 2008

ခရမ်းရောင်၏သဘော

ခရမ်းရောင်သည် အပြာရောင်၏ တည်ကြည်မှုနှင့် အနီရောင်၏ စွမ်းအင်ရှိမှုတို့ ပေါင်းစပ်ထားသည့် အရောင်ဖြစ်သည်။ ခရမ်းရောင်သည် မင်းဆွေမင်းမျိုးများနှင့် ဆက်နွယ်နေသည့် အရောင်လည်းဖြစ်သည်။ ခရမ်းရောင်သည် စွမ်းအား၊ မြင့်မြတ်ခြင်း၊ ဇိမ်ခံခြင်းနှင့် ရည်မှန်းချက်တို့၏ သင်္ကေတလည်း ဖြစ်ပါသည်။ ခရမ်းရောင်သည် ချမ်းသာကြွယ်ဝခြင်းနှင့် ဖြုန်းတီးခြင်းတို့ကြား ပေါင်းကူးပေးသည့် သဘောလည်းရှိသည်။ ခရမ်းရောင်သည် အသိဥာဏ်၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု၊ ဖန်းတီးနိုင်မှု၊ ဆန်းကြယ်မှုနှင့် မှော်ပညာတို့နှင့် ဆက်နွယ်နေသော အရောင်လည်း ဖြစ်ပါသည်။
စစ်တမ်း ကောက်ယူမှုများ အရ ဆယ်ကျော်သက်အရွယ် ကလေးများ၏ ၇၅% နီးပါးသည် ခရမ်းရောင်ကို အခြားအရောင်များထက် ပိုမိုကြိုက်နှစ်သက် ကြသည်ဟု သိရပါသည်။ ခရမ်းရောင်သည် အပြင်လောကတွင် သဘာဝအတိုင်း တွေ့နိုင်ခဲသော အရောင်ဖြစ်ပါသည်။ အပြင်လောကတွင် တွေ့ရသော ခရမ်းရောင်မှာ လူသားတို့၏ တုပဖန်တီး ထားမှုများသာ များပါသည်။

ခရမ်းရောင်အဖျော့သည် အမျိုးသမီးများကို ရည်ရွယ်သည့် ပစ္စည်းများတွင် အသုံးပြုသင့်သည့် အရောင်ဖြစ်ပါသည်။ ခရမ်းရောင်တောက်တောက် ကိုမူ ကလေးများအတွက် ရည်ရွယ်သော ကုန်ပစ္စည်းများ အရောင်းမြှင့်တင်ရာတွင် အသုံးပြုနိုင်ပါသည်။

ခရမ်းရောင် အဖျော့ (ပန်းရောင်) သည် ချစ်ခြင်း မေတ္တာနှင့် လွမ်းဆွတ် သတိရခြင်း များကို ဖြစ်ပေါ်စေသည့် အရောင်ဖြစ်ပါသည်။
ခရမ်းရောင်အရင့်သည် ဝမ်းနည်းကြေကွဲမှုများ ဖြစ်စေနိုင်သည့် အရောင်ဖြစ်ပါသည်။ ခရမ်းရောင်အရင့်သည် ပျက်စီးမှုကိုလည်း ဖြစ်စေနိုင်သည့် အရောင်လည်း ဖြစ်ပါသည်။

No comments: