Thursday, July 3, 2008

အဖြူရောင်၏သဘော

အဖြူရောင်သည် အလင်း၊ အပြစ်ကင်းမှု၊ သန့်စင်မှု၊ နုနယ်ပျိုမျစ်ခြင်း တို့နှင့် ဆက်နွယ်နေသည့် အရောင်ဖြစ်ပါသည်။ အဖြူရောင်သည် ကောင်းမွန် ပြည့်စုံသော အရောင်ဖြစ်ပါသည်။

အဖြုရောင်၏ အဓိပ္ပာယ်မှာ ဘေးကင်းလုံခြုံမှု၊ သန့်စင်မှု၊ သန့်ရှင်းစင်ကြယ်မှုတို့ ဖြစ်ပါသည်။ အဖြူရောင်သည် အနက်ရောင်နှင့် ဆန့်ကျင်စွာပင် အပြုသဘောဆောင်သည့် အရောင်လည်း ဖြစ်ပါသည်။ အဖြူရောင်သည် အောင်မြင်သော အစကောင်းမှုကို ကိုယ်စားပြုပါသည်။ ရှေးအခါက အဖြူရောင်ကို ယုံကြည်မှုနှင့် စင်ကြယ်မှုတို့အဖြစ် ပုံဖော်ခဲ့ကြပါသည်။

အဖြူရောင်သည် နှင်းပွင့်များ၏ အရောင်ဖြစ်သည့်အတွက် ကြော်ငြာများတွင် အဖြူရောင်ကို အေးချမ်းမှုနှင့် သန့်ရှင်းမှုတို့၏ သင်္ကေတ အဖြစ် ဖော်ပြကြပါသည်။ အဖြူရောင်ကို အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများတွင် ရိုးရှင်းမှု၊ သုံးစွဲရ လွယ်ကူမှုတို့ အဖြစ် အသုံးပြုနိုင်ပါသည်။ အဖြူရောင်သည် ကုသိုလ်ဖြစ် လူမှုရေး အဖွဲ့အစည်းများနှင့်လည်း သင့်တော်ပါသည်။ ဒဏ္ဌာရီ ပုံပြင်များတွင် နတ်သမီးများ၏ ဝတ်ရုံများသည် အဖြူရောင်ဖြစ်သည်ဟု ဆိုလေ့ရှိကြပါသည်။ အဖြူရောင်သည် ဆေးရုံဆေးခန်း၊ သမားတော်များနှင့် ရောပါပိုးမွှား ကင်းစင်ခြင်းတို့နှင့် ဆက်နွယ် နေသည့်အတွက် ဆေးဝါးပစ္စည်းများ အရောင်းမြှင့်တင်ရာတွင် အဖြူရောင်ကို ဘေးကင်းမှု အဖြစ် အသုံးပြုနိုင်ပါသည်။ အဖြူရောင်သည် တစ်ခါတစ်ရံတွင် ကိုယ်အလေးချိန် လျော့ကျခြင်း၊ အဆီနည်းသည့် အစားအစာများ၊ နို့ထွက် ပစ္စည်းများနှင့်လည်း ဆက်နွယ်နေပါသည်။


No comments: