
အနက်ရောင်သည် ဆန်းကြယ်သော အရောင်ဖြစ်ပြီး ကြောက်ရွံ့စိုးရိမ်ခြင်း၊ နားလည်ရခက်ခြင်း (အာကာသ တွင်းနက်ကြီးများ Black Holes) တို့နှင့်လည်း ဆက်နွယ်နေပါသည်။ အနက်ရောင်သည် အပျက်သဘောဆောင်ပါသည်။ (ဥပမာ၊ blacklist, black humor, 'black death') အနက်ရောင်သည် ခွန်အားရှိမှုနှင့် အာဏာရှိခြင်း အဓိပ္ပာယ်လည်း ဆောင်ပါသည်။ အနက်ရောင်ကို ရည်မွန်သော၊ ဂုဏ်သိက္ခာရှိသော အရောင်အဖြစ်လည်း အသုံးပြုကြပါသည်။ (ဥပမာ၊ အနက်ရောင် မာစီဒီးစ်ကား) ရှေးအခါက အနက်ရောင်ကို သောက ပရိဒေဝ၏ အမှတ်အသား အဖြစ်လည်း သုံးစွဲခဲ့ကြပါသည်။
အနက်ရောင်သည် ခြုံငုံသုံးသပ်ခြင်းနှင့် နက်ရှိုင်းမှုတို့ကိုလည်း ဖြစ်စေပါသည်။ အနက်ရောင် နောက်ခံသည် စာဖတ်သူများ၏ မြင်နိုင်စွမ်းအားကို လျော့နည်းစေပါသည်။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပါက ပိန်ပိန်ပါးပါး ပုံစံဖြစ်စေပါသည်။ ဓါတ်ပုံနှင့် ပန်ချီကားများတွင် အနက်ရောင် (သို့) အရောင်မှိုင်းမှိုင်းများကို အသုံးပြုပါက အခြားအရောင်များကို ပို၍ထင်ရှား စေပါသည်။ အနက်ရောင်သည် တောက်ပသော အရောင်များနှင့် ကွဲကွဲပြားပြား ဖြစ်စေနိုင်ပါသည်။ အနက်ရောင်ကို အနီရောင် (သို့) လိမ္မော်ရောင်များနှင့် တွဲဖက်ပါက အခြားစွမ်းအားရှိသည့် အရောင်များ ပေါ်ထွက်စေပါသည်။
1 comment:
To the author of this blog,I appreciate your effort in this topic.
Post a Comment