Monday, July 14, 2008

ငါနေတဲ့မြို့

မြို့ယောင်ဆောင်ထားတဲ့
တောခေါင်ခေါင်တစ်နေရာမှာ
ငါနေတယ်..
ငါနေတဲ့မြို့မှာ
ယာဉ်ကြောပိတ်ဆို့မှုမရှိတဲ့
လမ်းမကျယ်ကြီးတွေရှိတယ်..
တခြားမြို့တွေ မှောင်နေပေမယ့်
ငါ့မြို့မှာ မီးတွေထိန်ထိန်ညီးတယ်..
စင်ပေါ်ရောက်နေတဲ့ အရူးတွေရှိတယ်..
ထင်တိုင်းကြဲတတ်တဲ့ ငပေါ့သွမ်းတွေရှိတယ်..
ဟိုမရောက် ဒီမရောက်နဲ့
လူအသွင်ပြောင်းထားတဲ့ ဘီလူးတွေလည်းရှိတယ်..
ငါ့မြို့မှာ လူတိုင်းမိုးခါးရေသောက်တယ်..
မသောက်နိုင်တဲ့
ငါ တစ်ကောင်ကတော့
င့ါမြို့မှာ အရူးတစ်ယောက် ဖြစ်ခဲ့ရတယ်..

2 comments:

RePublic said...

အတွေးနဲ့ စကားလုံးတွေကို နှစ်သက်မိပါတယ် ၊၊

Anonymous said...

အရမ်းကြိုက်ပါတယ်
ဘာလို့လဲဆိုတော့ ...
ကျနော်လဲ အဲ့မြို့မှာ နေလို့လေ။