Tuesday, July 15, 2008

ကဗျာ

ခံစားချက်တွေကို ဖောက်ခွဲဖို့
ကဗျာဆိုတာဖြစ်လာရတယ်
လွတ်လပ်စွာ ဖွဲ့စည်းခွင့်
ကဗျာမှာရှိတယ်
လွတ်လပ်စွာတွေးခေါ်ခွင့်
ကဗျာမှာရှိတယ်
ရင်ထဲမှာ သိမ်းထားတဲ့ စကားလုံးတွေ
ကဗျာမှာ စီးဆင်းခွင့်ရှိတယ်
ကဗျာဆိုတာ မြစ်တစ်စင်းနဲ့တူတယ်
ကဗျာဆရာရဲ့ စိတ်ဟာ
မြစ်ထဲမှာ အရှိန်အဟုန်နဲ့စီးနေတဲ့ ရေနဲ့တူတယ်
ခံစားမှုတွေအပြည့်နဲ့ ဖွဲသီထားတဲ့
ကဗျာတစ်ပုဒ်ဟာ
တွန်းအားတွေဖြစ်စေတယ်
ပြောင်းလည်းမှုတွေဖြစ်စေတယ်
ခွန်အားတွေပေးတယ်
သမိုင်းကို ဖော်ပြနိုင်တယ်
အားလုံးကို ခြုံကြည့်ရင်
အနုပညာပစ္စည်းတစ်ခုထက်ပိုပြီး
စွမ်းအားတွေရှိနေတဲ့ အရာဟာ
ကဗျာဖြစ်တယ်

2 comments:

လင်းဦး(စိတ်ပညာ) said...

သိပ်မှန်တာပေါ့ဗျာ... ကောင်းတယ်... ကြိုက်တယ်...

Anonymous said...

Good! You are right!