အာဇာနည်နေ့ ငါမမေ့ပါဘူး၊
ဒီနေ့တစ်ရက် မမေ့အပ်သည်ကို၊
ထိုထိုဌာန ရုံးအလှများ၊
ထူးခြားလှစွာ မေ့ခဲ့သည်မှာ၊
စီးပွားမှာတဲ့ ရောင်းဝယ်ကူးသန်း၊
သစ်တောမှာတဲ့ ရေးရာရုံးနှင့်၊
သိပ္ပံနည်းပညာ၊ ဘဏ္ဌာနှင့်အခွန်၊
ကိုးနာရီတိုင် ဝမ်းနည်းခြင်းအမှတ်၊
တိုင်တစ်ဝက် အလံလွှင့်ရန်၊
ငါဖြတ်သန်းခဲ့ လမ်းဘေးဝယ်ရှိ
ထိုနေရာများ မေ့နေခဲ့သည်။
No comments:
Post a Comment