
ထိုသို့ ဆိုသည့်အတွက် အောင်လက်မှတ်များ မလိုအပ်တော့ ပြီလောဟု မေးစရာ ဖြစ်လာပါသည်။ ထိုမေးခွန်းကို ဖြေရလျှင် အောင်လက်မှတ်များ လိုအပ်ပါသည်။ အမှန်တကယ် တတ်မြောက်သည်ဟု အသိအမှတ်ပြု ထောက်ခံပေးနိုင်သော အောင်လက်မှတ်များ အမှန်တကယ် လိုအပ်ပါသည်။
လူသားတို့ ပညာသင်ကြားခြင်း၏ အဆုံးသတ်သည် အသက်မွေး ဝမ်းကြောင်းရေးပင် ဖြစ်ပါသည်။ လေ့လာကြည့်လျှင် အသက်မွေး ဝမ်းကြောင်းမှုအတွက် အာမခံချက်ရှိသော၊ သေချာသော ဘာသာရပ်များကို လေ့လာ သင်ကြားချင်ကြသူ ပိုမိုများကြောင်း သတိပြုမိကြ ပေလိမ့်မည်။ သို့ရာတွင် အသက်မွေး ဝမ်းကြောင်းမှုအတွက် အာမခံချက်ရှိသော ဘာသာရပ်များကို လေ့လာသင်ကြား ကြရာတွင် အမှန်တကယ် ဝါသနာပါမှုသည် အရေးကြီးပါသည်။ ထိုအချက်နှင့် မပြည့်စုံပါက အမှန်တကယ် အရည်အသွေး ပြည့်ဝသူများ ရရှိလာမည် မဟုတ်ပါ။
နောက်တစ်ချက်မှာ အခွင့်အာဏာ ရှိသူများ (အစိုးရကျောင်းများ၊ ပုဂ္ဂလိက သင်တန်းများ) သည် အသိအမှတ်ပြု အောင်လက်မှတ်များ ထုတ်ပေးရာတွင် အမှန်တကယ် တတ်မြောက်မှု ရှိမှသာ ထုတ်ပေးသင့်ပါသည်။ အရည်အချင်းကို လိုချင်လျှင် အရေအတွက်ကို ထည့်စဉ်းစားနေ၍ မရနိုင်ပါ။ အမှန်တကယ် တတ်မြောက်မှုမရှိသော ပညာတတ်များ ဖောင်းပွလာလျှင် နိုင်ငံ၏ တိုးတက်မှုမှာလည်း ထိခိုက်မှု အနည်းနှင့်အများ ရှိလာနိုင်ပါသည်။
ထိုကြောင့် ပညာသင်ကြားခြင်း၏ အခြေခံအကျဆုံး အချက်မှာ အမှန်တကယ် တတ်မြောက်ရေးဟု ဆိုရပါမည်။
1 comment:
It could widen my imagination towards the things that you are posting.
Post a Comment