Education (Noun)
1. The act or process of educating or being educated.
2. The knowledge or skill obtained or developed by a learning process.
3. A program of instruction of a specified kind or level: driver education; a college education.
4. The field of study that is concerned with the pedagogy of teaching and learning.
5. An instructive or enlightening experience: Her work in the inner city was a real education.
အထက်ပါ အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပညာရေးနှင့် ပတ်သက်၍ www.Answer.com မှ အဓိပ္ပာယ် ဖွင့်ဆိုချက် ဖြစ်ပါသည်။ ကျွန်တော် အနှစ်သက်ဆုံး အဓိပ္ပာယ်မှာ ပညာရေးဆိုသည်မှာ လေ့လာသင်ကြားခြင်း လုပ်ငန်းစဉ်မှ ဗဟုသုတ (သို့) ကျွမ်းကျင်မှု ရရှိခြင်း (သို့) ဖွံ့ဖြိုးတိုးတက် လာခြင်း ဆိုသည့် အမှတ်စဉ် (၂) မှ အဓိပ္ပာယ် ဖွင့်ဆိုချက် ပင်ဖြစ်ပါသည်။
1. The act or process of educating or being educated.
2. The knowledge or skill obtained or developed by a learning process.
3. A program of instruction of a specified kind or level: driver education; a college education.
4. The field of study that is concerned with the pedagogy of teaching and learning.
5. An instructive or enlightening experience: Her work in the inner city was a real education.

ကျွန်တော်တို့သည် ငယ်စဉ် (၅) နှစ်သား မှစ၍ ပညာသင်ကြား ခဲ့ကြရ ပါသည်။ ထိုသို့ အတန်းစဉ်ဆက် စာသင်ကြားခဲ့ကြရင်း ယခင် အခြေခံပညာ အထက်တန်း (၁၀ တန်း) ယခု တက္ကသိုလ် ဝင်တန်း အောင်မြင် ကြသောအခါ အဆင့်မြင့်ပညာ (တက္ကသိုလ်) ကို ဆက်လက် သင်ကြားကြရ ပြန်ပါသည်။ ကျွန်တော်တို့သည် တက္ကသိုလ်မှ ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်ကြရာ တွင်လည်း သင်ကြားခြင်းမှ မလွတ်ကင်းနိုင်ပေ။ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းများ၊ မွမ်းမံသင်တန်းများ စသည်ဖြင့် သင်ကြားကြရ ပြန်ပါသည်။ ထိုကြောင့်ပင် လူ့ဘဝသည် အစမှ အဆုံးတိုင် လေ့လာ သင်ကြားခြင်းဖြင့် ပြည့်နှက် နေသည်ဟု ဆိုရပေမည်။
ပညာရေးနှင့် ပတ်သက်သည့် ကျွန်တော်၏ အယူအဆများကို အပိုင်းများခွဲ၍ တင်ပြ သွားချင်ပါသည်။ ထိုသို့တင်ပြရာတွင် ကျွန်တော်၏ အရေးအသား ညံ့ဖျင်းမှုကြောင့် တစ်စုံတစ်ဦးကို ထိခိုက်သွားခဲ့ လျှင်လည်း ခွင့်လွှတ်ပေးကြရန် ကြိုတင်ပြီး တောင်းပန်အပ်ပါသည်။
No comments:
Post a Comment