Friday, August 8, 2008

အနီရောင်သွေးများသို့

အတိတ်တုန်းက သွေးတွေ နီခဲ့ဖူးပါတယ်
ပစ္စုပ္ပန်မှာလဲ သွေးဆိုတာ နီ နေအုံးမှာပဲ
ကုန်ခဲ့တဲ့သွေးတွေ အလကားမဖြစ်စေရဘူး
လှည့်ပတ်နေတဲ့ သွေးတွေဟာလည်း
တန်ဖိုးရှိပြီး အကျိုးဖြစ်ရမယ်။

အတိတ်ကို တူးဆွနေမယ့်အစား
ပစ္စုပ္ပန်မှာ အကောင်းဆုံး လုပ်ဆောင်ပြီး
အနာဂတ်အတွက် ပြင်ဆင်ထားကြမယ်။

အနာဂတ်မှာလည်း သွေးတွေ ရဲရဲနီနေဖို့လိုတယ်
နီနေအောင်လည်း တို့စိတ်ဓါတ်တွေ ရဲရင့်ကြရမယ်
ရှိပြီးသား စိတ်ဓါတ်တွေကို မြှင့်တင်မယ်။

နီနေလို့ ရဲရင့်တာမဟုတ်ဘူး
ရဲ့ရင့်မှုတွေနဲ့ နီနေတာ
ရဲရဲနီနေတဲ့ တို့သွေးတွေဟာ
အနာဂတ်အတွက် အားဖြစ်စေရမယ်။

No comments: