Tuesday, September 16, 2008

အချစ်



လေပြေတွေကစားနေတဲ့ ညနေတစ်ခုမှာ
အချစ်ဟာ င့ါရှေ့က ဖြတ်ပြေးသွားခဲ့တယ်
အဲ့ဒီအချိန်မှာ
ကမ္ဘာဟာ မလည်တော့ဘူး
ကြယ်တွေတောင် အရောင်မှိန်ကုန်တယ်
ကောင်းကင်ကြီးလည်း ပြာယာခတ်သွားတယ်
င့ါရင်ခုန်သံတွေ ရပ်တန့်သွားတယ်။


အဲ့ဒီနောက်ပိုင်းမှာ
ကမ္ဘာကြီးဟာ ပိုပြီးစိုပြည်လာတယ်
ကြယ်တွေဟာ အရင်ကထက် လင်းလက်လာသလိုပဲ
ကောင်းကင်ကြီးဟာ အရောင်စုံတွေနဲ့ လှလာတယ်
င့ါရင်ခုန်သံတွေဟာ နရီစည်းချက်တွေနဲ့
ဟာမိုနီမိနေလေရဲ့။

အရာအားလုံးဟာ
အချစ်ကြောင့်ပဲ ပြောင်းလဲသွားတယ်
အချစ်ကြောင့်ပဲ လှပလာတယ်
အချစ်ကြောင့်ပဲ ပိုမိုစိုပြေလာတယ်
အချစ်ကြောင့်ပဲ အဓိပ္ပာယ်တွေပြည့်စုံလာတယ်။

ငါဟာ အချစ်ကို ရှာဖွေဖို့
ဘာကြောင့်များ နှောင့်နှေးနေရတာလဲ ?
အချစ်ဆိုတာက သူ့အချိန်ကျမှ
အမှတ်တမဲ့နဲ့ ဝင်ရောက်လာတတ်တာလား ?

င့ါဆီကို ရောက်လာဖို့ရှိရင်တော့
ငါသိနိုင်အောင် တစ်နည်းနည်းနဲ့
အကြောင်းကြားပြီးမှ ဝင်ခဲ့ပါကွာ။

1 comment:

thonn thonn said...

အဲ့ဒီနောက်ပိုင်းမှာ
ကမ္ဘာကြီးဟာ ပိုပြီးစိုပြည်လာတယ်
ကြယ်တွေဟာ အရင်ကထက် လင်းလက်လာသလိုပဲ
ကောင်းကင်ကြီးဟာ အရောင်စုံတွေနဲ့ လှလာတယ်
င့ါရင်ခုန်သံတွေဟာ နရီစည်းချက်တွေနဲ့
ဟာမိုနီမိနေလေရဲ့။

အဟဲ..အဟဲ..။ စာသားလေးက မှန်ပါ့။