မိုးမှောင်ဆိုတာ အမည်ရင်းတော့မဟုတ်ဘူး. သိတယ်မှတ်လား.အနုပညာနာမည်လေ.လူရှိန် အောင်လို့….ပညာရေးကတော့ UCSY (University of Computer Studies,Yangon) ကနေ မနေနဲ့တော့ဆိုပြီး ဘွဲ့ပေးလိုက်လို့ B.C.Sc ဘွဲ့လေးတော့ရထားတယ်……. ကြွားတယ်လို့ တော့မအောင်းမေ့ပါနဲ့……….
Thursday, September 11, 2008
၁ ဒေါ်လာ ဘယ်ရောက်သွားလဲ
သူငယ်ချင်း (၃) ယောက် စားသောက်ဆိုင်တွင် အတူတူ နေ့လည်စာ စားကြလေသည်။ စားသောက်ပြီးနောက် ဘီ(လ်)တောင်းလိုက်ရာ ၂၅ ဒေါ်လာ ကျလေသည်။ ငွေရှင်းသောအခါ သူငယ်ချင်း တစ်ဦးလျှင် ၁၀ ဒေါ်လာစီဖြင့် ဒေါ်လာ ၃၀ ပေးလိုက်သည်။ ထို့ကြောင့် ငွေကိုင်မှ ၅ ဒေါ်လာ စားပွဲထိုးသို့ ပြန်အမ်းပါသည်။ စာပွဲထိုးကလည်း လူသုံးဦးအား ၅ ဒေါ်လာ အညီအမျှ မခွဲနိုင်သည့် အတွက် တစ်ယောက်လျှင် ၁ ဒေါ်လာ ပြန်အမ်းပြီး ကျန် ၂ ဒေါ်လာကို သူ့မုန့်ဖိုးအဖြစ် ယူလိုက်ပါသည်။ တွက်ကြည့် ကြရအောင်။
တစ်ဦးလျှင် ၁၀ ဒေါ်လာပေးပြီး ၁ ဒေါ်လာ ပြန်ရပါသည်။
ထို့ကြောင့် တစ်ဦးစီပေးငွေ (၁၀-၁) = ၉ ဒေါ်လာ
သူငယ်ချင်း (၃) ယောက် ဖြစ်သည့်အတွက်
သုံးယောက်ပေါင်းပေးငွေမှာ (၉ x ၃) = ၂၇ ဒေါ်လာ
သုံးယောက်ပေါင်းပေးငွေ + စားပွဲထိုးမုန့်ဖိုး (၂၇ + ၂) = ၂၉ ဒေါ်လာ
သို့ဆိုလျှင် စုစုပေါင်း ကုန်ကျငွေမှာ ၂၉ ဒေါ်လာ ဖြစ်နေပါသည်။ ၁ ဒေါ်လာ မည်သို့ပျောက်သွားသနည်း ?
အဖြေ
တစ်ဦးလျှင် ၁၀ ဒေါ်လာစီ ပေးသည့်အတွက် စုစုပေါင်းပေးငွေမှာ ဒေါ်လာ ၃၀ ဖြစ်ပါသည်။
ငွေကိုင်မှ ၅ ဒေါ်လာ ပြန်အမ်းသည့်အတွက် သုံးယောက်ပေါင်း ကုန်ကျငွေမှာ ၂၅ ဒေါ်လာ ဖြစ်ပြီး စားပွဲထိုး၏ လက်တွင် ၅ ဒေါ်လာ စုစုပေါင်း ဒေါ်လာ ၃၀ ဖြစ်ပါသည်။
စားပွဲထိုးမှ ၃ ဒေါ်လာ ပြန်အမ်းသည့်အခါ သူငယ်ချင်း သုံးယောက်ပေါင်း ကုန်ကျငွေ ၂၅ ဒေါ်လာ + စားပွဲထိုး မုန့်ဖိုး ၂ ဒေါ်လာ = ၂၇ ဒေါ်လာ ။ ထို့ကြောင့် တစ်ဦးလျှင် ပေးငွေ ၉ ဒေါ်လာ ဖြစ်ပါသည်။ ပြန်ရငွေ ၁ ဒေါ်လာစီ ပြန်ပေါင်းလျှင် တစ်ဦး ၁၀ ဒေါ်လာ သုံးဦးပေါင်း ဒေါ်လာ ၃၀ ဖြစ်ပါသည်။ မည်သို့မျှမပျောက်ပါ။
ဤပုစ္ဆာတွင် လျှို့ဝှက်ချက်မှာ တစ်ဦးစီ အမှန်တကယ် ပေးငွေမှာ ၉ ဒေါ်လာ ဖြစ်ပါသည်။ ထိုကြောင့် သုံးယောက်ပေါင်း ပေးငွေမှာ ၂၇ ဒေါ်လာ = ကုန်ကျငွေ ၂၅ ဒေါ်လာ + စားပွဲထိုးမုန့်ဖိုး ၂ဒေါ်လာ ဖြစ်ပါသည်။ ထိုငွေထဲတွင် စားပွဲထိုး၏ မုန့်ဖိုးကို ထည့်ပေါင်း လိုက်သည့် အတွက်သာ တစ်ဒေါ်လာပျောက်သွားခြင်း ဖြစ်ပါသည်။
(ဤပုစ္ဆာသည် စာရင်းလိမ်ခြင်းအတွက် သင်ခန်းစာကောင်းဖြစ်ပါသည်။ ဤကား စကားချပ်။)
Subscribe to:
Post Comments (Atom)
2 comments:
အော်..ငါစာရင်းကိုင်တောင် မဖြေမရှာနိုင်လိုက်ပါလား။
အကိုကြီး လုပ်နေကျလား
Post a Comment