Tuesday, November 18, 2008

ချစ်သူသို့

ချစ်သူ
နှလုံးခုန်သံတိုင်းဟာ မင်းအတွက်ဆိုရင်
ကိုယ့်ရင်ခုန်သံတွေဟာ တန်ဖိုးရှိပါတယ်
မင်းနဲ့တွေ့မှ ကိုယ်ပထမဆုံးပြောတတ်တဲ့
စကားတစ်ခွန်းကတော
အရမ်းချစ်တယ် ဆိုတာပဲလေ
မင်းသာ ကိုယ့်ရဲ့ကောင်းကင်ကြီးဆိုရင်
မင်းကိုသတိရတဲ့ လွမ်းတဲ့ကိုယ့်ရဲ့စိတ်တွေဟာ
ကောင်ကင်ကြီးမှာ ပြည့်နေတဲ့ ကြယ်ကလေးတွေပါကွာ
ကိုယ်မင်းကို ချစ်တယ်ဆိုတာထက်
အဓိပ္ပာယ်ပြည့်ဝတဲ့ စကားလုံး
ရှာကြည့်ပေမယ့် ကိုယ်ရှာမတွေ့တော့လည်း
ချစ်တယ်ဆိုတာကိုပဲ
မင်းကိုပြောနိုင်သေးတယ်
တကယ်လို့တစ်နေ့မှာ
ချစ်တယ်ဆိုတာထက် ပိုကောင်းပြီး
အဓိပ္ပာယ်ပြည့်ဝတဲ့ စကားလုံးရှာတွေ့ခဲ့ပြီဆိုရင်တော့
အဲ့ဒီစကားလုံးကို ရှာတွေ့တဲ့သူဟာ
ကိုယ်ပဲဖြစ်နေလိမ့်မယ်
ချစ်သူ........

No comments: