Thursday, December 18, 2008

သိချင်တယ်

မိုးကုတ်စက်ဝိုင်းရဲ့အဆုံးမှာ
ဘာတွေများရှိနေမလဲ
ငါသိချင်တယ်…

နောက်တစ်နေ့ရဲ့မနက်ခင်းမှာ
ဘာတွေများဖြစ်နေမလဲ
ငါသိချင်တယ်…

ဘ၀ဟာ အစီအစဉ်တကျဖြစ်နေခဲ့ရင်
ရင်ခုန်စရာကောင်းပါ့မလား
ငါသိချင်တယ်…

ကံကောင်းခြင်းတွေကို ၀ယ်ရောင်းလုပ်လို့ရရင်
ဈေးကွက်ရှိနေမှာလား
ငါသိချင်တယ်…

င့ါဘ၀ရဲ့နိဂုံးကို သိခွင့်ရရင်
ဘယ်လို အဆုံးသတ်မလဲ
ငါသိချင်တယ်…

No comments: