Sunday, February 15, 2009

ရွှေမြို့တော်

လိုင်းကားကကြပ် ၊ ချွေးကထွက်နှင့်
နေခက်လှသည်၊ မြန်ရွှေပြည်
လူစည်မြို့တော်၊ နေရာကျော်ကို
မှည့်ခေါ်ကြသည်၊ ရန်ကုန်မည်၏။

ထိုထိုကားများ၊ ကြပ်သလားဆို
သင်သွားကြည့်ပါ၊ လှိုင်သာယာသို့
တစ်ခါနှင့်သာ၊ ဖြေမိပါမည်
ဟုတ်ပါလေစွ၊ မှန်ပေစွဟု။

ထိုသို့ဆိုသော်၊ ရွှေပြည်တော်တွင်
နေပျော်စေဖို့၊ နေရာတို့မှာ
ကျွန်တို့တွက်၊ မရှိခက်ပြီ
သက်မသာ၊ မဖြစ်ပါနှင့်။

သက်ရွယ်ကြီးမား၊ လူကြီးများတွက်
ထူးခြားဌာနီ၊ သွားရာသည်ကား
ရွှေပြည်ဂုဏ်ဆောင်၊ ၀င်းဝင်းပြောင်သည်
ထိန်ရောင်ညီးညီး၊ ရွှေတိဂုံတည်း။

သက်ရွယ်အလတ်၊ ပုဂ္ဂိုလ်တွက်မူ
ခက်ပျော်လေ၊ သွားရာတွေကား
လူတွေများလှ၊ ဈေးဝယ်ကြသည်
ပေါနေရာ၊ ရှော့ပင်းစင်တာ။

အပျော်ပါးကြိုက်၊ လူငယ်မူ
သိပ်ခိုက်သည်မှာ၊ ပျော်စရာပွဲ
ကြာနွှဲသည်၊ သွားကြမည်ဆို
တည်သာသွား၊ ကန်တော်ကြီးဗျား။

No comments: