Thursday, May 29, 2008

MPT နှင့် Gmail

သုံးလေးရက်ခန့်ရှိပြီ ထင်ပါသည်။ MPT မှ Gmail ကို Block မလုပ် တော့သည်မှာ။ ထိုကိစ္စအပေါ် ကျေးဇူးတင်ပါသည်။ ဖြစ်လည်း ဖြစ်သင့်ပါသည်။ နိုင်ငံတကာတွင် Free Mail များကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပါသည်။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းချင်သည် ဆိုလျှင် အရာအားလုံးအပေါ် နားလည်မှုရှိသင့်ပါသည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူအများစုမှာ ဝါသနာအရ သုံးစွဲနေကြသူ လူငယ်များ ဖြစ်ကြပါသည်။ လူငယ်များသည် စူးစမ်းချင်စိတ်ရှိသူများ ဖြစ်ကြပါသည်။ လွတ်လပ်မှုကို မြတ်နိုးသူများ ဖြစ်ကြသည်။ လွတ်လွတ်လပ်လပ် Gmail သုံးစွဲခွင့်ရသည့်အတွက် အမှန် တကယ် ကျေးဇူးတင်ပါသည်။ ခဏတာလေး ဖွင့်ပေးထားသည်ဖြစ်စေ ကျေးဇူးတင်ပါသည်။
Gmail စစ်နိုင်သည့် Site များ
http://www.gmail.com/
http://mail.google.com/

1 comment:

Nyo Pyar Nyet said...

လွတ်လပ်မှုတွေအရမ်းမြတ်နိုးလွန်ပြီး စိတ်တွေလွတ်ထွက်ကုန်ဦးမယ်